Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်းတွင် ကားဗုံးကွဲမှုကြောင့် လူ ၆ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ကားဗုံးကွဲမှုဖြစ်ပွားခဲ့သော အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓါတ်ပုံ- အင်တာနက်)

မနီလာ ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ် Lamitan မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းက ကားဗုံးကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ ၆ ဦး ရှိပြီဖြစ် ကြောင်း ဖိလစ်ပိုင်အစိုးရတပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေစံတော်ချိန် ၆ နာရီခန့်က သံသယဖြစ်ဖွယ် အဖြူရောင်ကားတစ်စီးကို တွေ့ရှိခဲ့သောကြောင့် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေစဉ် ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၊ ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင် ၅ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အနောက် Mindanao စစ်ဌာနချုပ်က ဇူလိုင် ၃၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ Basilan ပြည်နယ်အစိုးရနှင့် ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေး လျက် ရှိကြောင်း သိရသည်။ ကနဦး စစ်ဆေးချက်များအရ အဆိုပါပေါက်ကွဲမှုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်နိုင်ပြီး အဘူ ဆာရပ်ဖ် (Abu Sayyaf) အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း Basilan ပြည်နယ် ပြည်နယ်မှူးက ဒေသခံမီဒီယာများကို ပြောကြားခဲ့သည်။

အဘူ ဆာရပ်ဖ် (Abu Sayyaf) လက်နက်ကိုင် အကြမ်းဖက်အဖွဲ့သည် ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းအဖွဲ့မှာ အဓိကအားဖြင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် လှုပ်ရှားလေ့ရှိပြီး အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပြန်ပေးဆွဲမှုများလုပ်ဆောင်ခဲ့ဖူးကြောင်း ၊ ဖိလစ်ပိုင်အစိုးရ၏ဖိနှိပ်မှုကြောင့် အင်အားဆုတ်ယုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.