International Organizations
နယူးကာဆယ်က ဝုဗ်တိုက်စစ်မှူး စထရန်း လာဆင်အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်း

လန်ဒန်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
နယူးကာဆယ် ယူနိုက်တက်အသင်းက ဝူလ်ဗာဟမ်တန် တိုက်စစ်မှူး ယော်ဂန် စထရန်း လာဆင်အား ခေါ်ယူရန် ကနဦးကမ်းလှမ်းမှု ငြင်းပယ်ခံရပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဖြင့် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းလိုက်ကြောင်း သိရသည်။
ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဖြင့် ကနဦးကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် နယူးကာဆယ်က ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ဝုဗ်နှင့် ကနဦး ဆွေးနွေးမှုများမှာ တိုးတက်မှုရရှိနေပြီဟု နယူးကာဆယ်ဘက်က ယူဆထားသော်လည်း မစ်ဒ်လန်းစ်အခြေစိုက် ဝုဗ်အသင်းကမူ ယင်း၏သဘောထားကို ပြောင်းလဲခြင်းမရှိသေးဘဲ စထရန်း လာဆင်အား ယခုနွေရာသီတွင် ရောင်းထုတ်မည်မဟုတ်ဟု ဆိုသည်။
အဆိုပါ နော်ဝေလက်ရွေးစင် ကစားသမားမှာ အသင်းအတွက် အလွန်အရေးပါသောကြောင့် လက်လွှတ်မည်မဟုတ်ကြောင်း၊ ယခုအပြောင်းအရွှေ့ ဈေးကွက်၌ ၎င်း၏နေရာကို အစားထိုးနိုင်မည့် သင့်တော်သည့် ကစားသမားကို ရှာဖွေရန်အတွက်လည်း အချိန်လုံလုံလောက်လောက် မရှိတော့ကြောင်း ဝုဗ်အသင်းက အခိုင်အမာပြောဆိုထားသည်။
လာဆင်က စိန့်ဂျိမ်းစ်ပတ်ခ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသော်လည်း ဝုဗ်အသင်းအပေါ် လေးစားသည့်အနေဖြင့် အသင်းပြောင်းရွှေ့ရန် အတင်းအကျပ် ဖိအားပေးမည်မဟုတ်ပေ။ နယူးကာဆယ်က ၎င်းအား အဓိကတိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်၏နေရာတွင် အစားထိုးခြင်းမဟုတ်ဘဲ ယခုနွေရာသီ အစောပိုင်းက စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းမှထွက်ခွာသွားသည့် ကယ်လမ် ဝီလ်ဆင်၏နေရာကို တိုက်ရိုက်အစားထိုးရန်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်မှာ ယခုရာသီတွင် နယူးကာဆယ်အတွက် ပါဝင်ကစားခြင်း မရှိသေးဘဲ အသင်းမှထွက်ခွာရန် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
အသက် ၂၅ နှစ်အရွယ် လာဆင်မှာ ဆယ်လ်တာဗီဂိုအသင်းမှ ဝုဗ်အသင်းထံ အငှားဖြင့်ပြောင်းရွှေ့ခဲ့ရာတွင် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ယခုနှစ် ဇူလိုင်လထဲတွင် အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဝုဗ်အသင်း၏ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်နှစ်ပွဲစလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့သလို ဝက်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဩဂုတ် ၂၆ ရက် ကာရာဘောင်းဖလား ပွဲစဉ်တွင်လည်း လူစားဝင်ကစားသမားအဖြစ် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သည်။
လာဆင်မှာ ဝုဗ်အသင်းအတွက် စုစုပေါင်း ၄၁ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၁၆ ဂိုး၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားသည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ၂၀၂၅ ခုနှစ် မတ် ၁၆ ရက်က လီဗာပူးလ်အသင်းနှင့် နယူးကာဆယ် ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလားဗိုလ်လုပွဲအပြီးတွင် နယူးကာဆယ်ယူနိုက်တက်အသင်း နည်းပြချုပ် အက်ဒီဟောင်း (ရှေ့) ဆုဖလားနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် မတ် ၁၆ ရက်က လီဗာပူးလ်အသင်းနှင့် နယူးကာဆယ် ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလားဗိုလ်လုပွဲ၌ လီဗာပူးလ်ကစားသမား အန်ဒီ ရောဘတ်ဆန် (ဝဲ-ဒုတိယ) နှင့် နယူးကာဆယ်ယူနိုက်တက် ကစားသမား အလက်ဇန်းဒါး အီဆက်ခ် (ဝဲ-တတိယ) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
………………….
(English Version)
Newcastle’s improved bid for Strand Larsen rejected by Wolves
LONDON, Aug. 27 (Xinhua) — Newcastle United have had a second bid for striker Jorgen Strand Larsen rejected by Wolverhampton Wanderers, with the latest offer worth 55 million pounds.
The Magpies’ improved approach followed an opening 50 million-pound bid, which was also turned down. Newcastle believed its initial talks with Wolves had been encouraging, but the Midlands club remains firm in its stance: Strand Larsen is not for sale this summer.
The Wolves insist the Norway international is too important to lose, and there is insufficient time left in the transfer window to secure a suitable replacement.
Although Larsen is keen on a move to St James’ Park, he is not forcing the issue out of respect for Wolves. Newcastle sees him as a direct successor to Callum Wilson, who departed at the end of his contract earlier this summer, rather than as a replacement for Alexander Isak. The Swedish forward has yet to feature this season and is pushing to leave the club.
Larsen, 25, joined Wolves permanently from Celta Vigo in July after a successful loan spell. He has already started both of Wolves’ opening Premier League fixtures and scored twice from the bench in Tuesday’s Carabao Cup win over West Ham.
In total, he has made 41 appearances, scoring 16 goals and registering five assists for the club. ■
English Caption 1
Newcastle United’s players celebrate after scoring during the English Football League Cup Final match between Liverpool FC and Newcastle United FC in London, Britain, on March 16, 2025. (Xinhua)
English Caption 2
Newcastle United’s head coach Eddie Howe (front) celebrates with the cup after the English Football League Cup Final match between Liverpool FC and Newcastle United FC in London, Britain, on March 16, 2025. (Xinhua)
English Caption 3
Liverpool’s Andy Robertson (2nd L) challenges Newcastle United’s Alexander Isak (3rd L) during the English Football League Cup Final match between Liverpool FC and Newcastle United FC in London, Britain, on March 16, 2025. (Xinhua)