Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေ မြင့်တက်ခဲ့မှုကြောင့် အခြေခံပညာကျောင်း၂၁၃ ကျောင်း ပိတ်ထားရဆဲ

ဘားအံမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနှင့် သံလွင်မြစ်ရေမြင့်တက်ခဲ့မှုကြောင့် သြဂုတ်လ(၆)ရက်နေ့အထိ အခြေခံပညာ ကျောင်းပေါင်း ၂၁၃ ကျောင်း ပိတ်ထားရဆဲ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပိတ်ထားရသည့် အခြေခံပညာ မူလတန်းကျောင်း၊ အလယ် တန်းကျောင်းနှင့် အထက်တန်း ကျောင်းများမှာ ဘားအံမြို့နယ်တွင် ၁၄၂ ကျောင်း၊ လှိုင်းဘွဲ့မြို့နယ်တွင် ၄၂ ကျောင်း၊ ကော့ကရိတ်မြို့နယ်တွင် ၂၉ ကျောင်း၊ စုစုပေါင်း ၂၁၃ ကျောင်း ဖြစ်ကြောင်း သိရသည်။မိုးသည်းထန်စွာရွာ သွန်းခဲ့မှုနှင့် သံလွင်မြစ်ရေမြင့်တက်ခဲ့မှုကြောင့် ပိတ်ခဲ့ရသည့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု နောက်မကျစေရန်အတွက် ကျောင်းပိတ်ရက်(၂)ရက်တွင် ၁ ရက် ပြန်လည် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သကဲ့သို့ ကျောင်းဖွင့်ရက်များတွင်လည်း အချိန်ပို သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သည့် ကျောင်းများတွင်မူ သင်ကြားပေးနေပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117