Connect with us

Myanmar

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် အိုက်စ်(မက်သ်အဖက်တမင်း) ၄၂၀ ကီလိုဂရမ်ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူနှင့်အတူ သက်သေခံပစ္စည်းများဖြစ်သော အိုက်စ်(မက်သ်အဖက်တမင်း) များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှုထိန်းချုပ်ရေး ဗဟိုကော်မတီ၏ စက်တင်ဘာ ၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မိုင်းပျဉ်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သြဂုတ် ၃၀ ရက်၌ ယာဉ်တစ်စီးကို ရပ်တန့်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
………………………..
(English Version)
420 kg of methamphetamine seized in eastern Myanmar
YANGON, Sept. 5 (Xinhua) — Myanmar authorities have seized 420 kg of methamphetamine in eastern Myanmar’s Shan state, the Central Committee for Drug Abuse Control reported late Friday.
Acting on a tip-off, anti-narcotics police stopped and searched a vehicle in Mong Ping township on Aug. 30 and confiscated the drugs, the report said.
A suspect was arrested for the case, it said. ■