Connect with us

China

SpaceX က ပတ်လမ်းနိမ့် ကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ Starlink ဂြိုဟ်တု ၂၈ စင်း လွှတ်တင်

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
အမေရိကန် ပုဂ္ဂလိက အာကာသ ကုမ္ပဏီ SpaceX က Starlink ဂြိုဟ်တု ၂၈ စင်းကို ပတ်လမ်းနိမ့် ကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ စက်တင်ဘာ ၅ ရက်၌ လွှတ်တင်ခဲ့သည်။
ဂြိုဟ်တုများကို ဖလော်ရီဒါပြည်နယ် ကနေဒီအာကာသစင်တာမှ Falcon 9 ဒုံးပျံဖြင့် အရှေ့တိုင်းစံတော်ချိန် နံနက် ၈ နာရီ ၃၂ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၂၃၂) တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း SpaceX ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆင့်ခွဲထုတ်ပြီးနောက် ၎င်းဒုံးပျံ၏ ပထမအဆင့်ဖြစ်သော အဟုန်မြှင့်စက်မှာ အတ္တလန္တိတ်သမုဒ္ဒရာ၌ နေရာချထားသည့် “Just Read the Instructions” ဒရုန်းရေယာဉ်ပေါ်သို့ ဆင်းသက်ကျရောက်ခဲ့သည်။
Starlink သည် SpaceX မှ ပံ့ပိုးပေးသည့် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအား ပတ်လမ်းနိမ့် ကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းထဲရှိ ထောင်ပေါင်းများစွာသော ဂြိုဟ်တုငယ်များ၏ ကွန်ရက်မှတစ်ဆင့် broadband အင်တာနက်ကို ပေးဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
SpaceX launches 28 Starlink satellites to low-Earth orbit
LOS ANGELES, Sept. 5 (Xinhua) — U.S. private space company SpaceX launched 28 Starlink satellites to low-Earth orbit on Friday.
The satellites were launched aboard a Falcon 9 rocket from Kennedy Space Center in Florida at 8:32 a.m. Eastern Time (1232 GMT), according to SpaceX.
Following stage separation, the rocket’s first stage booster landed on “Just Read the Instructions” droneship in the Atlantic Ocean.
Starlink is a satellite internet service provided by SpaceX that offers broadband internet to users worldwide through a network of thousands of small satellites in low-Earth orbit. ■