Connect with us

Media

၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ (International Literacy Day 2025) ၏ ဆောင်ပုဒ် “ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့”

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင် တစ်ဆိုင်တွင် စာပေဖတ်ရှုနေကြသူများနှင့် စာအုပ်များကို စက်တင်ဘာ ၈ ရက်က ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ ယနေ့ ဒစ်ဂျစ်တယ်ခေတ်တွင် လူတိုင်း စာဖတ်ခြင်း၊ စာရေးခြင်းတို့သာမက ဒစ်ဂျစ်တယ်ပစ္စည်းကိရိယာများဖြစ်သည့် ဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပျူတာများ၊ အင်တာနက် အွန်လိုင်း အသုံးပြုတတ်သည့် စွမ်းရည် (Digital Literacy)၊ အွန်လိုင်း မီဒီယာများကို အသုံးပြု၍ သတင်းအချက်အလက်များ ပေးပို့ခြင်း၊ သတင်းအချက်အလက်များ နားလည်ခြင်းနှင့် ဝေဖန်ချင့်ချိန်နိုင်သည့် စွမ်းရည် (Media Literacy)၊ ငွေကြေးကို အကျိုးရှိ ထိရောက်စွာ စီမံခန့်ခွဲနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းရည် (Financial Literacy) တို့သည်လည်း လူတိုင်းတတ်မြောက်ရန် လိုအပ်လျက်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များအရ အသက် ၁၅ နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်းရှိနေရာ စာတတ်မြောက်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လှုပ်ရှားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.