International Organizations
မန်ချက်စတာဒါဘီပွဲကို မန်စီးတီးကစားသမား မာမွတ်ရှ် လွဲချော်

လန်ဒန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အီဂျစ်လက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲတွင် ဒူးဒဏ်ရာရခဲ့ပြီးနောက် မန်စီးတီးတိုက်စစ်မှူး အိုမာမာမွတ်ရှ်မှာ စက်တင်ဘာ ၁၄ ရက်တွင် ကစားရမည့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဥ်အား လွဲချော်သွားပြီဖြစ်ကြောင်း သိရသည်။
အသက် ၂၆ နှစ်အရွယ်ရှိ အိုမာမာမွတ်ရှ်မှာ စက်တင်ဘာ ၉ ရက်က ဘာကီနာဖာဆိုနိုင်ငံ၊ ကွာဂါဒူဂူ၌ ကစားခဲ့သည့် ဘာကီနာဖာဆိုအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် အီဂျစ်အသင်း၏ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ပွဲချိန် ၉ မိနစ်၌ပင် လူစားလဲခံခဲ့ရခြင်းဖြစ်သည်။
မာမွတ်ရှ်မှာ ပွဲချိန် ၄ မိနစ်တွင် ပြင်းထန်စွာဖြတ်ထုတ်ကစားခံခဲရပြီးနောက် ကုသမှုခံယူကာ ဆက်လက် ကစားခဲ့သေးသော်လည်း နောက်ပိုင်းတွင် ၎င်းကို အီဂျစ်နည်းပြ အိုစမာဖိုင်ဇယ်က လူစားလဲလိုက်ခြင်း ဖြစ်သည်။
မာမွတ်ရှ်မှာ လွန်ခဲ့သည့် ဇန်နဝါရီလအတွင်းက ဖရန့်ဖတ်မှ မန်စီးတီးသို့ ပြောင်းရွေ့ကြေး ပေါင် ၅၉ သန်းစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ကာ အီတီဟတ်တွင် ၂၈ ပွဲကစားပြီးနောက် ၈ ဂိုးသွင်းနိုင်ခဲ့ကြောင်း သိရသည်။
“အီဂျစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ကနဦး ဓါတ်မှန်ရိုက် စစ်ဆေးမှုတွေအရ မွတ်ရှ်ဟာ စက်တင်ဘာ ၁၄ ရက်မှာ ကစားရမယ့် မန်ချက်စတာဒါဘီမှာ ပါဝင်ကစားနိုင်ဖို့ မရှိတော့ပါဘူး။ ဆေးစစ်မှုတွေ ထပ်မံ ပြုလုပ်ဖို့နဲ့ ပြန်လည်ကြံ့ခိုင်ရေးတွေ စတင်လုပ်ကိုင်ဖို့ အခု မာမွတ်ရှ် မန်ချက်စတာကို ပြန်လာပါတော့မယ်” ဟု မန်စီးတီး၏ စက်တင်ဘာ ၁၀ ရက် ကြေညာချက်အရ သိရသည်။
မာမွတ်ရှ် မပါဝင်နိုင်တော့ခြင်းမှာ မန်စီးတီးနည်းပြ ပက်ဂါဒီယိုလာအတွက် တိုက်စစ်ပိုင်းတွင် အကန့်အသတ်ဖြစ်သွားစေခဲ့ကြောင်း သိရသည်။ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း စာချုပ်ခေါ်ယူခဲ့သည့် ရာယန်ချာကီမှာ ဒူးကောက်ကြောဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်ကြောင်း၊ နိုင်ငံတကာပွဲစဥ်များမတိုင်မီ ဘရိုက်တန်ကို ရှုံးခဲ့သည့်ပွဲစဥ်အား ဖီးလ်ဖိုဒန် လွဲချော်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
City’s Marmoush ruled out of Manchester derby
LONDON, Sept. 10 (Xinhua) — Manchester City will be without forward Omar Marmoush for Sunday’s Premier League derby against Manchester United after the Egyptian suffered a knee injury on international duty.
The 26-year-old was forced off just nine minutes into Egypt’s World Cup qualifier against Burkina Faso in Ouagadougou on Tuesday, a game that ended goalless. He had initially continued after treatment following a heavy challenge in the fourth minute, but was later replaced by Osama Faisal.
Marmoush, who joined City from Eintracht Frankfurt for 59 million pounds in January, has scored eight goals in 28 appearances since arriving at the Etihad.
“Initial results on a scan performed in Egypt indicate he will not be available for the Manchester derby on Sunday, and he will now return to Manchester for more assessment and to begin his rehabilitation,” read a Manchester City statement Wednesday.
Marmoush’s absence leaves City head coach Pep Guardiola with limited attacking options. Summer signing Rayan Cherki remains sidelined with a hamstring problem, while Phil Foden also missed the defeat to Brighton prior to the international break. ■
Photo:
Manchester City’s Omar Marmoush (L) challenges for a header with Arsenal’s William Saliba during the English Premier League match between Arsenal and Manchester City in London, Britain, on Feb. 2, 2025. (Xinhua)