Myanmar
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် ၁၇၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်း ICE ၄,၄၄၀ ကီလိုဂရမ်၊ ကက်တမင်း ၁,၁၀၀ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၄ သန်းနှင့် ဘိန်းဖြူမှုန့် ၁၄ ကီလိုဂရမ် စုစုပေါင်းငွေကျပ် ၁၇၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ၊ မြောက်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်တရားခံ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော တရားခံများအား စစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်မှ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ မှောင်ခိုကူးရန် ရည်ရွယ်ထားကြောင်း၊ ယင်းတရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)
ပုံစာ- ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)