Africa & Middle East
DR ကွန်ဂိုနိုင်ငံ အနောက်မြောက်ပိုင်းတွင် လှေတိမ်းမှောက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

ကင်ရှာဆာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အာဖရိကတိုက်အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အနောက်မြောက်ပိုင်းတွင် စက်တင်ဘာ ၁၁ ရက်က လှေတစ်စင်းတိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၁၀၇ ဦးသေဆုံးပြီး ၁၄၆ ဦး ပျောက်ဆုံးနေကြောင်း ပြည်တွင်းမီဒီယာများ၏ စက်တင်ဘာ ၁၂ ရက် သတင်းဖော်ပြမှုအရ သိရသည်။
အီကွက်တာပြည်နယ်၏ မြို့တော်၊ အင်ဘန်ဒါကာမြို့မှ ၁၂၂ ကီလိုမီတာခန့်အကွာ ကွန်ဂိုမြစ်ထဲတွင် လှေတိမ်းမှာက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တရားဝင်သတင်းအရင်းအမြစ်များကို ကိုးကားပြီး ပြည်တွင်းမီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။
လှေတိမ်းမှောက်မှုတွင် ခရီးသည် ၂၀၉ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး အများစုမှာ ထိခိုက်ဒဏ်ရာများရထားကြောင်း၊ လှေပေါ်တွင် တင်ဆောင်လာသော ကုန်ပစ္စည်းအားလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။ လှေတိမ်းမှောက်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လှေသင်္ဘောတိမ်းမှောက်ပျက်စီးမှုများမှာ DR ကွန်ဂိုနိုင်ငံတွင် အဖြစ်များသည့် မတော်တဆမှုများဖြစ်ပြီး အထူးသဖြင့် ကွန်ဂိုမြစ်ထဲ၌ အဓိကဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ သတ်မှတ်ထားသည့် ဝန်ပမာဏ ထက် ပိုမိုတင်ဆောင်ခြင်းနှင့် ရေယာဉ်များ၏ ကြံ့ခိုင်မှုကို စစ်ဆေးပြုပြင်မှုအားနည်းခြင်းကြောင့် မတော်တဆမှုများ မကြာခဏဆိုသလို ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
အီကွက်တာပြည်နယ်အတွင်း၌ပင် တည်ရှိသော ဘန်ဆန်ကူဆူနယ်မြေတွင် စက်တင်ဘာ ၁၀ ရက်က ဖြစ်ပွားခဲ့သည့် သီးခြားမတော်တဆမှုတစ်ခုတွင်လည်း စက်တပ်ကနူးလှေတစ်စီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Boat accident kills over 100 in northwestern DR Congo: media
KINSHASA, Sept. 12 (Xinhua)
At least 107 people were killed and 146 others went missing after a boat capsized Thursday in the northwestern Democratic Republic of the Congo (DRC), local media reported Friday.
According to media reports citing official sources, the accident occurred on the Congo River about 122 km from Mbandaka, the capital of Equateur Province.
The same sources said 209 passengers were rescued, several with injuries. All cargo on board was destroyed in the fire.
The cause of the accident remains unknown.
Shipwrecks are common in the DRC, particularly on the Congo River, where overloading and poorly maintained vessels frequently lead to accidents.
At least 100 people were killed in a separate accident on Wednesday night when a motorized canoe capsized in the Basankusu territory, which is also located in Equateur Province. ■
Photo:
People gather at a port after a ferry sank on Lake Kivu near Goma, North Kivu province, eastern Democratic Republic of the Congo (DRC), on Oct. 3, 2024.