China
TikTok နှင့် အခြားကိစ္စရပ်များအတွက် တရုတ်နှင့် အမေရိကန်အဖွဲ့များ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ သဘောတူညီထားသည့်အတိုင်း တရုတ်နှင့် အမေရိကန်အဖွဲ့များက TikTok နှင့် အခြားသော ကိစ္စရပ်များအတွက် စပိန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၁၂ ရက်၌ ပြောကြားခဲ့သည်။
TikTok ကိစ္စရပ်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားကာ တစ်သမတ်တည်းဖြစ်ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ တရုတ်နိုင်ငံသည် ၎င်း၏ လုပ်ငန်းများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးရန် အခိုင်အမာသံန္နိဋ္ဌာန်ချထားပြီး TikTok ကိစ္စရပ်ကို ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Chinese, U.S. teams to hold talks on TikTok and other issues
BEIJING, Sept. 12 (Xinhua) — As agreed by China and the United States, Chinese and U.S. teams will hold talks on TikTok and other issues in Spain, a spokesperson with the Ministry of Commerce said on Friday.
China’s position on the TikTok issue is clear and consistent, the spokesperson said. China is firmly committed to safeguarding the legitimate rights and interests of its enterprises and will handle the TikTok issue in accordance with laws and regulations. ■
English Caption
This photo taken on Aug. 21, 2020 shows a logo of TikTok’s Los Angeles Office in Culver City, Los Angeles County, the United States. (Xinhua)