Connect with us

Australia / Oceania

ဖီဂျီနိုင်ငံ မြို့ကြီးသုံးမြို့တွင် 5G ကွန်ရက် စတင်

စူဗာ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဖီဂျီနိုင်ငံရှိ တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ Digicel Fiji သည် စက်တင်ဘာ ၁၅ ရက်က ဖီဂျီနိုင်ငံ၏အကြီးဆုံးမြို့ကြီးသုံးခုတွင် ၎င်း၏ 5G ကွန်ရက်ကို တရားဝင်စတင်လိုက်သည်။
စူဗာ၊ နာဒီနှင့်လာတိုကာမြို့ကြီးများ၏ ကွန်ရက်လွှမ်းခြုံနိုင်သော ဧရိယာများရှိ 5G ကွန်ရက်အသုံးပြုနိုင်သည့် ဖုန်းများနှင့် အသုံးပြုသူများအနေဖြင့် 4G ထက်ပိုမြန်သည့်နှုန်းကို ရယူနိုင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်သည့်သုံးစွဲမှုအတွေ့အကြုံကို ရရှိနိုင်ပြီဖြစ်ကြောင်း ဖီဂျီ အသံလွှင့်ကော်ပိုရေးရှင်းအဆိုအရ သိရသည်။
5G ကွန်ရက်ကို စတင်မိတ်ဆက်ခြင်းသည် အလားအလာရှိသည့် ရှုထောင့်သစ်တစ်ခုကိုလမ်းဖွင့်ပေးပြီး အမြန်နှုန်းတိုးတက်စေရုံသာမက ဖီဂျီနိုင်ငံသားများ၏ ဆက်သွယ်မှုနည်းလမ်းကိုပါ ပြောင်းလဲပေးရန်ဖြစ်ကြောင်း Digicel Fiji အမှုဆောင်အရာရှိချုပ် Farid Mohammed က ပြောကြားခဲ့သည်။
5G ကွန်ရက်ကို အခြားသောလူဦးရေများပြားသည့် အဓိကနေရာများသို့ မကြာမီ တိုးချဲ့မည်ဖြစ်ပြီး ဖီဂျီပြည်သူများထံသို့ နည်းပညာပိုမိုဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ (Xinhua)
……………………………
(English Version)
Fiji launches 5G network in 3 largest cities
SUVA, Sept. 15 (Xinhua) — Digicel Fiji, a telecommunications operator in the country, officially launched its 5G network in the country’s three largest cities on Monday.
Customers in coverage areas with 5G-ready devices in Suva, Nadi, and Lautoka will be able to access faster speeds than 4G, enabling a superior user experience, according to Fiji Broadcasting Corporation.
Digicel Fiji Chief Executive Farid Mohammed said the launch unlocks a new dimension of potential not only to improve speed but to transform the way Fijians connect.
He added that 5G will soon expand to other major population centers, bringing the technology to more Fijians.