China
တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာဥပဒေများနှင့်အညီ ဘိုးရင်းလေယာဉ် အစင်းရေ ၂၀၀ ဝယ်ယူမည်
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက လေကြောင်းသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များပေါ် အခြေခံ၍ စီးပွားရေးဆိုင်ရာဥပဒေများနှင့်အညီ ဘိုးရင်းလေယာဉ် အစင်းရေ ၂၀၀ ဝယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်၌ ကြေညာခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအား အင်ဂျင်များနှင့် အပိုပစ္စည်းများ လုံလုံလောက်လောက် ရောင်းချရေးကိုလည်း အာမခံမည်ဖြစ်ကြောင်း မကြာသေးမီက ကျင်းပခဲ့သော တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများ၏ ကနဦးရလဒ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဖော်ပြထားသည့် ထုတ်ပြန်ချက်၌ ဝန်ကြီးဌာနတာဝန်ရှိသူက ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
China to purchase 200 Boeing aircraft in accordance with commercial principles
BEIJING, May 20 (Xinhua) — Based on its air transport development needs, China will purchase 200 Boeing aircraft in accordance with commercial principles, the Ministry of Commerce announced on Wednesday.
Meanwhile, the United States will guarantee China a sufficient supply of engines and spare parts, a ministry official said in a statement that provides details on the preliminary outcomes of the recently held China-U.S. economic and trade consultations.
Photo: This photo taken on June 19, 2023 shows a demonstration of the Boeing 777X (down) and 737-10 during the 54th International Paris Air Show held at Le Bourget Airport near Paris, France. (Xinhua/Gao Jing)
