Connect with us

China

တရုတ်နိုင်ငံ အဲအယ်ကူနာ့ ရေဝပ်ဒေသမှ ငှက်နောက်လိုက်သူ

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ အဲအယ်ကူနာ့ ရေဝပ်ဒေသ သဘာဝကာကွယ်ရေးဇုန် နေဝင်ဆည်းဆာရှုခင်း ဝေဟင်မြင်ကွင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူးလွန်ပေ့အယ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဆောင်းဦးရာသီ နံနက်ခင်းတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ အဲအယ်ကူနာ့ ရေဝပ်ဒေသ၌ ချမ်းစိမ့်လှသည်။ နံနက်ခင်းမြူခိုးများကြားတွင် လူတစ်ယောက်က ဆီးနှင်းများကို ကျော်ဖြတ်၍ ရေဝပ်ဒေသ အတွင်းပိုင်းနေရာသို့ သွားရောက်နေပြီဖြစ်သည်။ ကျင်းပေါင်ချိုင်သည် အဝေးကြည့် ကင်မရာ မှန်ဘီလူးအား လွယ်ထားပြီး ရင်ဘတ်ရှေ့တွင် အဝေးကြည့်မှန်ဘီလူးတစ်ခုဆွဲကာ ၎င်း၏ တစ်ပတ်နှစ်ကြိမ် နမူနာလမ်းကြောင်း စစ်ဆေးရေးခရီးကို စတင်ခဲ့သည်။
အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ကျင်းပေါင်ချိုင်သည် အဲအယ်ကူနာ့ ရေဝပ်ဒေသ သဘာဝကာကွယ်ရေးဇုန် စီမံခန့်ခွဲမှုဌာန၏ ငှက်အမျိုးအစား ကာကွယ်ရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ နမူနာလမ်းကြောင်း စုံစမ်းစစ်ဆေးမှုနည်းသည် ၎င်းအသုံးများသည့် သုတေသနနည်းလမ်းပင်ဖြစ်သည်။ ယင်းမှာ ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းအတိုင်းသွား၍ လမ်းနှစ်ဖက် အတိုင်းအတာတစ်ခုအတွင်းရှိ ငှက်များ၏ အမျိုးအစား၊ အရေအတွက်နှင့် လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ခြင်းပင်ဖြစ်သည်။
“ငှက်လေးတွေကို သန်းခေါင်စာရင်းကောက်ပေးသလိုပေါ့” ဟု ကျင်းပေါင်ချိုင်က ရယ်မောလျက် ပြောသည်။
ရေဝပ်ဒေသအတွင်းပိုင်းရှိလမ်းများသည် ရွှံ့ထူသည့်အပြင် ခြင်ယင်များလည်း ပေါများလှသော်လည်း ၎င်းက ထိုသို့လုပ်ဆောင်ရသည်ကို ပျော်ရွှင်လျက်ရှိသည်။
“နားထောင်ကြည့် ဒါကဖယ်ကွန်ဗိုက်မွဲရဲ့ အော်သံပဲ” ဟု ၎င်းက ရုတ်တရက် ရပ်တန့်ပြီး အဝေးကို စူးရှသောအမြင်ဖြင့် ကြည့်လျက်ဆိုခဲ့သည်။ “ကျွန်တော်က ဖယ်ကွန်ဗိုက်မွဲနဲ့ ရွှေလင်းယုန် ချတာကို အမိအရ ရိုက်ခဲ့ဖူးတယ်။ ဖယ်ကွန်ဗိုက်မွဲ အကောင်လေးက အပေါ်က အောက်စိုက်ထိုးပြီး ရွှေလင်းယုန် အကောင်ကြီးကို တိုက်ခိုက်တာ တကယ်မိုက်တယ်” ဟု ၎င်းက လက်ဟန်ခြေဟန်များဖြင့်ပင် ပြောကြားခဲ့သည်။
ငှက်အမျိုးအစားကို အဓိကသုတေသနပြုလုပ်သည့် ဂေဟပညာရပ် မဟာဘွဲ့ရ ကျင်းပေါင်ချိုင်က အတွင်းမွန်ဂိုလီးယားဒေသရှိ ငှက်အမျိုးအစား ကာကွယ်ရေးဇုန် အားလုံးနီးပါးကို သွားရောက်ခဲ့ပြီးနောက် အထူးလူရည်ချွန် မိတ်ဆက်မှုအစီအစဉ်ဖြင့် တရုတ်-ရုရှားနယ်စပ်ရှိ အဲအယ်ကူနာ့ ရေဝပ်ဒေသ သဘာဝ ကာကွယ်ရေးဇုန် စီမံခန့်ခွဲမှုဌာန၌ လာရောက် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကာကွယ်ရေးဇုန်၏ စုစုပေါင်းဧရိယာမှာ ၉၅,၆၀၄ ဟက်တာရှိသည်။ ဤနေရာတွင် မြစ်ကြောင်းများ ကွေ့ကောက်စွာစီးဆင်းနေပြီး ရွှံနွံ့များထူထပ်သောကြောင့် အရေးကြီးသည့် ငှက်များရွှေ့ပြောင်းနေထိုင်ရာ လမ်းကြောင်းဖြစ်သလို ငှက်အမျိုးအစား ၂၀၀ ကျော် နားခိုနေထိုင်လျက်ရှိသည်။
ပို၍ချီးကျူးဖွယ်ရာကောင်းသည်မှာ ကျင်းပေါင်ချိုင်သည် အလုပ်ဝင်ပြီး ၆ လအတွင်းပင် အဲအယ်ကူနာ့ ရေဝပ်ဒေသ သဘာဝကာကွယ်ရေးဇုန်၌ မတွေ့ရှိခဲ့ဖူးသည့် ရှားပါး ငှက်အမျိုးအစား ၃ မျိုး စွန်လည်ဖြူ၊ Ural Owl ဇီးကွက်နှင့် Steppe Eagle လင်းယုန်ငှက် တို့ကို တွေ့ရှိခဲ့သည်။ ရှာဖွေတွေ့ရှိမှုအသစ်တိုင်းအတွက် ရက်ပေါင်းများစွာဆက်တိုက် လိုက်လံစောင့်ကြည့်ခြင်း၊ ရှင်းလင်းပြတ်သားသည့် ရုပ်ပုံအချက်အလက် ရိုက်ကူးခြင်းနှင့် လုပ်ဆောင်ချက် ထူးခြားမှုတို့အား အသေးစိတ် မှတ်တမ်းတင်ခြင်းတို့ လိုအပ်ပေသည်။
“ငှက်တွေက သူရဲ့ အကောင်းဆုံး မိတ်ဆွေတွေပဲ” ဟု ကျင်းပေါင်ချိုင်၏ ဇနီးဖြစ်သူ နာ့ရန်ပိလိကယ်က ဆိုသည်။ ကျင်းပေါင်ချိုင်၏ ငှက်အပေါ် ချစ်မြတ်နိုးမှုအား အားပေးရန်အတွက် နာ့ရန်ပိလိကယ်သည် အလှမ်းဝေးသည့် ဝူးဟိုင်မြို့မှ အဲအယ်ကူနာ့မြို့သို့လာရောက်၍ ၎င်းအား အဖော်ပြုပေးရင်း ဒေသန္တရအထက်တန်းပြဆရာမတစ်ဦး ဖြစ်လာခဲ့သည်။
နေဝင်ဆည်းဆာချိန်တွင် ကျင်းပေါင်ချိုင်က တစ်နေ့တာအလုပ် ပြီးဆုံးသွားပြီဖြစ်သည်။ မှတ်တမ်းစာအုပ်ပေါ်၌ ငှက်အမျိုးအစားပေါင်းဆယ်မျိုးကျော်နှင့် တစ်ကောင်ချင်း အချက်အလက်ပေါင်း တစ်ရာကျော်အား သိပ်သည်းစွာရေးသား မှတ်တမ်းတင်ထားသည်။
ပစ္စည်းသိမ်းဆည်းနေချိန်တွင် ကျင်းပေါင်ချိုင်က ရုတ်တရက် ကောင်းကင်ယံအား ညွှန်ပြလျက် “အမြန်ကြည့် ကြိုးကြာခေါင်းမည်းတွေ အိပ်တန်းပြန်နေပြီ” ဟု ဆိုခဲ့သည်။ ကြိုးကြာငှက်အော်သံများကြားတွင် ကျင်းပေါင်ချိုင်၏ မျက်ဝန်း၌ ကြည်လင်တောက်ပသော အလင်းရောင်များဖြင့် ထွန်းတောက်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ အဲအယ်ကူနာ့ ရေဝပ်ဒေသ သဘာဝကာကွယ်ရေးဇုန် စီမံခန့်ခွဲမှုဌာနတွင် ပေါင်ကျင်းချိုင် (ဝဲဘက်) နှင့် လုပ်ဖော်ကိုင်ဖက် နူထူဂယ်ထူတို့က စုဆောင်းထားသော ရေဝပ်ဒေသ အပင်နမူနာများအား စီမံနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————————-
(Chinese Version)
图片故事丨额尔古纳湿地的追鸟人
新华社照片,呼伦贝尔(内蒙古),2025年9月17日
秋日的清晨,内蒙古呼伦贝尔市额尔古纳湿地凉意袭人。晨雾中,一道身影已踩着露水走向湿地深处。宝金财背着长焦镜头、胸前挂着高倍望远镜开始了他一周两次的样线调查之旅。
27岁的宝金财是额尔古纳湿地自然保护区管理局的一名鸟类保护工作人员。样线调查法是他最常用的研究方法——沿着预设路线行进,记录两侧一定范围内所有鸟类的种类、数量和行为。“就像给鸟儿做人口普查。”宝金财笑着说。
湿地深处的道路泥泞不堪,蚊虫扑面而来,他却乐在其中。“听,这是红脚隼的叫声。”他突然驻足,敏锐地望向远处,“我拍到过红脚隼大战金雕,小家伙俯冲攻击大块头,真精彩。”他手舞足蹈地比划着。
专攻鸟类研究的生态学硕士宝金财,在几乎走遍了内蒙古所有鸟类保护区后,通过人才引进计划来到了中俄边境的额尔古纳湿地自然保护区管理局工作。保护区总面积95604公顷,这里河道蜿蜒纵横,沼泽星罗棋布,是重要的候鸟迁徙通道,栖息着200余种鸟类。
最让人称道的是,宝金财刚工作半年就发现了三种没有在额尔古纳湿地自然保护区被观测到的珍稀鸟类:凤头蜂鹰、长尾林鸮和草原雕。每个新发现都需要连续多天跟踪观察,拍摄清晰影像资料,并详细记录行为特征。
“鸟儿就是他最好的朋友。”宝金财的妻子娜仁毕力格说。为了支持他对鸟的热爱,娜仁毕力格从千里之外的乌海市来到额尔古纳市陪伴他,并成为当地一名高中老师。
夕阳西下,宝金财结束了一天的工作。笔记本上密密麻麻记录着十几种鸟类、一百多个个体数据。收拾装备时,他突然指向天空:“快看,灰鹤归巢了。”鹤鸣声中,宝金财的眼中闪耀着清澈的光芒。
1、9月16日拍摄的额尔古纳湿地自然保护区日落景色(无人机全景照片)。 新华社记者 贝赫 摄
2、9月16日,在额尔古纳湿地自然保护区管理局,宝金财(左)与同事努图格图一起整理采集的湿地植物标本。新华社记者 马金瑞 摄