Connect with us

Media

တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာအား အဆင့်မြှင့်တင်ခြင်းက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးနိုင်မည်ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ပြော

၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်း၌ စက်တင်ဘာ ၁၇ ရက်က စတင်ကျင်းပခဲ့ကာ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အကြား နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မီးမောင်းထိုးပြလျက်ရှိသည်။
အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကသော့ချက်မှာ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဧရိယာ (CAFTA) အား CAFTA 3.0 အဖြစ် အဆင့်မြှင့်တင်ခြင်းဖြစ်သည်ဟု အဆိုပါကုန်စည်ပြပွဲ ကျင်းပစဉ် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က အလေးထားပြောကြားခဲ့သည်။ ထိုကဲ့သို့ အဆင့်မြှင့်တင်ခြင်းက နယ်ပယ်သစ်များ ချဲ့ထွင်ခြင်းဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအား အမြင့်ဆုံးအထိ တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ထားကြသည်။ (Xinhua)
…………………..
(English Version)
Upgrade of China-ASEAN Free Trade Area to push economic cooperation: ASEAN secretary-general
The 22nd China-ASEAN Expo (CAEXPO) and China-ASEAN Business and Investment Summit opened on Wednesday in Nanning, capital of south China’s Guangxi Zhuang Autonomous Region, highlighting tech and economic collaborations between China and the Association of Southeast Asian Nations (ASEAN).
Amid the expo, the secretary-general of ASEAN highlighted that the key to future growth is the upgrade of the China-ASEAN Free Trade Area (CAFTA) to CAFTA 3.0. This upgrade is expected to push economic cooperation to new highs by expanding into new frontiers.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.