China
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဝန်ကြီးချုပ် တက်ရောက်မည်

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက စက်တင်ဘာ ၁၉ ရက်၌ ကြေညာခဲ့သည်။
နယူးယောက်၌ရှိစဉ် ဝန်ကြီးချုပ်လီက ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးအပါအဝင် တရုတ်နိုင်ငံမှ ကျင်းပသည့် အခမ်းအနားများသို့လည်း တက်ရောက်မည်ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်များကိုလည်း တွေ့ဆုံမည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေရုံးချုပ်၌ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သော ဖွင့်ပွဲ၌ အမှာစကားပြောကြားနေသော အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ ဥက္ကဋ္ဌ Annalena Baerbock ကို တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
Chinese premier to attend general debate of 80th session of UN General Assembly
BEIJING, Sept. 19 (Xinhua) — Chinese Premier Li Qiang will attend the general debate of the 80th session of the United Nations General Assembly in New York from Sept. 22 to 26, a foreign ministry spokesperson announced on Friday.
While in New York, Li will also attend events held by China, including the high-level meeting on the Global Development Initiative, and meet with UN Secretary-General and leaders of relevant countries, the spokesperson said. ■
English Caption 1
Chinese Premier Li Qiang addresses the third session of the 18th G20 Summit in New Delhi, India, Sept. 10, 2023. (Xinhua/Yue Yuewei)
English Caption 2
Annalena Baerbock, president of the 80th session of the United Nations General Assembly (UNGA), speaks at the opening of the 80th session at the UN headquarters in New York, Sept. 9, 2025. (Xinhua/Xie E)