Connect with us

China

တရုတ်နိုင်ငံရှိ အမျိုးသမီးများ ပိုမိုပြည့်စုံပြီးယုံကြည်အားထားရသည့် တန်းတူညီမျှသော လူမှုရေး လုံခြုံမှု ရရှိဟု စက္ကူဖြူစာတမ်းကဆို

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ချုံကျန်းခရိုင် လျန်ထျန်ကျေးရွာတွင် အမျိုးသမီးများ ကစားနေကြသည်ကို ၂၀၂၄ ခုနှစ် မတ် ၈ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လူမှုရေး လုံခြုံမှုစနစ်တည်ထောင်ထားပြီး နိုင်ငံတွင်းမှ အမျိုးသမီးများသည် ယခုအခါတွင် ဘက်စုံ ယုံကြည်အားထားရသော၊ တန်းတူညီမျှသည့် လူမှုရေး လုံခြုံမှု ရရှိခံစားရကြောင်း နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှ စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းတွင် ပြောကြားခဲ့သည်။
“ခေတ်သစ်တွင် အမျိုးသမီးများ ဘက်စုံဖွံဖြိုးတိုးတက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ အောင်မြင်မှုများ ” ဟုအမည်ရသည့် စက္ကူဖြူစာတမ်း၏ အဆိုအရ တရုတ်နိုင်ငံတွင် ကျန်းမာရေးနှင့်သက်ကြီးအာမခံစနစ် အပြည့်အဝ လွှမ်းခြုံ ထားနိုင်ပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အမျိုးသမီးဦးရေ ၆၅၁ သန်း သို့မဟုတ် ပါဝင်သူများ၏ ၄၉.၁ ရာခိုင်နှုန်းသည် အခြေခံကျန်းမာရေးအာမခံများရှရှိခဲ့သည်။
ထို့အပြင် အမျိုးသမီးဦးရေ သန်း ၂၆၀ သည် အလုပ်မရှိသည့်ကျေးလက်နှင့်မြိုပြနေထိုင်သူများ အခြေခံအငြိမ်းစားလစာအာမခံတွင် အကျုံးဝင်ပြီး အမျိုးသမီး သန်း၂၆၀ မှာမူ မြို့ပြ အလုပ်သမား အခြေခံအငြိမ်းစားလစာ အစီအစဥ်တွင်ပါဝင်ခဲ့သည်။
အမျိုးသမီးများအတွက် မီးဖွားခွင့်ကာကွယ်စောင့်ရှောက်မှုသည်လည်း တရုတ်နိုင်ငံတွင် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်ဟု စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။၂၀၂၄ ခုနှစ်အကုန်တွင် အမျိုးသမီး ဦးရေ ၁၁၁ သန်း မီးဖွားခွင့်အာမခံများ ရရှိခဲ့ကြကြောင်းသိရသည်။
လိုအပ်ချက်ရှိသောအမျိုးသမီးများအတွက် လူမှုရေးလုံခြုံမှု ပို၍ခိုင်မာအားကောင်းလာကြောင်းလည်း စက္ကူဖြူစာတမ်းတွင် ဖော်ပြခဲ့သည်။ (Xinhua)
………………….
(English Version)
Women in China benefit from more comprehensive, reliable, equitable social security: white paper
BEIJING, Sept. 19 (Xinhua) — As China has established the world’s largest social security system, women in the country now enjoy more comprehensive, reliable, and equitable social security, a white paper released Friday by the State Council Information Office said.
According to the white paper titled “China’s Achievements in Women’s Well-Rounded Development in the New Era,” medical and old-age insurance systems have achieved full coverage in China. In 2024, 651 million women, or 49.1 percent of all participants, were covered by basic medical insurance.
Additionally, 260 million women were covered by basic pension insurance for rural and non-working urban residents, while 260 million women participated in the basic pension scheme for urban employees.
Maternity protection for women has also improved significantly in China, said the white paper. It noted that by the end of 2024, 111 million women were covered by maternity insurance.
Social security for women in need is further strengthened, noted the white paper.
Photo : Women play games in Liangtian Village of Congjiang County, southwest China’s Guizhou Province, March 8, 2024. (Photo by Luo Jinglai/Xinhua)