Connect with us

Videos

တရုတ်နိုင်ငံတောင်ပိုင်း Greater Bay Area ကို ကမ္ဘာ့အဆင့်မီ မြို့တော် များအဖြစ်တည်ဆောက်မည်

ကွမ်တုံ၊ သြဂုတ် ၂၁ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံ-ဟောင်ကောင်-မကာအို ပင်လယ်ဒေသ ကို Greater Bay Area အဖြစ်သတ်မှတ်ထားပြီး ၎င်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အချက်အချာတစ်ခုဖြစ်လာစေရန်ဆောင်ရွက် လျက်ရှိသည်။ အဆိုပါ Greater Bay Area တွင် ဟောင်ကောင်၊ မကာအိုနှင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၏ မြို့များလည်း ပါဝင်သည်။ထိုဒေသတစ်ဝိုက် အဓိက ကျသည့်အခြေခံအဆောက်အဦ တည်ဆောက်ရေးစီမံကိန်းအဖြစ် ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကိုလည်း မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၎င်းမှာ ကမ္ဘာပေါ်တွင်အရှည်ဆုံးပင်လယ်ဖြတ်ကူးတံတားကြီးတစ်စင်းလည်း ဖြစ်လာမည်ဟုသိရသည်။ Greater Bay Areaသည် စီးပွားရေးလုပ်ငန်းများလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ၎င်းဒေသ၏ GDP မှာ လွန်ခဲ့သည့် ၄နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်မှုရရှိခဲ့သည်။ အဆိုပါဒေသကို နိုင်ငံတကာနှင့်ရင်ဘောင်တန်းကာ အလွန်ဖွံ့ဖြိုးတိုးတက်သည့် ပင်လယ်အော်ဒေသအဖြစ်ပြောင်းလဲရုံသာမက ကမ္ဘာ့အဆင့်မီ မြို့တော် များအဖြစ်တည်ဆောက်ရန်ရည်ရွယ်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.