Connect with us

China

ဟောင်ကောင်တွင် မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးကို စနက်တံဖြုတ်သိမ်း

ဟောင်ကောင်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဟောင်ကောင်ရဲတပ်ဖွဲ့သည် စက်တင်ဘာ ၂၀ ရက် နံနက်က အ‌‌ရှေ့ပိုင်းခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ မပေါက်ကွဲသေးသော ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံးကို စနက်တံဖြုတ်သိမ်းခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်ဖော်ပြခဲ့သည်။
ယခုအချိန်တွင် ဗုံးတွေ့ရှိရာနေရာနှင့် အနီးဝန်းကျင်နေရာများတွင် လုံးဝဘေးကင်းပြီဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းထားသောနေထိုင်သူများ နေအိမ်ပြန်နိုင်ပြီဖြစ်ကြောင်းနှင့် ပိတ်ထားသောလမ်းများ ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
မိုးရွာသွန်းမှုကြောင့်နှောင့်နှေးမှု ရှိနေသော်လည်း ရဲတပ်ဖွဲ့သည် ဗုံးခွံကိုအပေါက်ဖောက်၍ အတွင်းမှ တီအန်တီ ပေါင် ၅၀၀ ကို လောင်ကျွမ်းစေခဲ့ကြောင်း၊ စွမ်းအားပြင်းဗုံးဖြစ်သောကြောင့် အန္တရာယ်များသော စစ်ဆင်ရေး တစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပေါက်ကွဲစေတတ်သောပစ္စည်းများရှင်းလင်းရေးဌာန အကြီးတန်း ဗုံးရှင်းလင်းရေး အရာရှိ Suryanto Chin-chiu က ပြောကြားခဲ့သည်။
အရှည် ၁.၅ မီတာ ရှိပြီး အလေးချိန် ပေါင် ၁,၀၀၀ ခန့်ရှိသည့်လေကြောင်းမှချခဲ့သည့်ဗုံးကို စနက်တံဖြုတ်ရန် ရဲတပ်ဖွဲ့သည် စက်တင်ဘာ ၁၉ ရက် နံနက် ၁၁း၀၀ နာရီတွင် အဆောက်အအုံအနီးမှလူပေါင်း ၆,၀၀၀ ဝန်းကျင်‌ကို ရွှေ့ပြောင်းခဲ့ရပြီး ပြောင်း‌ရွှေ့ရသူများထဲမှတချို့သည် စောင့်ရှောက်ရေးအဖွဲ့များနှင့် ခရိုင်ကောင်စီဝင်များ၏ အကူအညီဖြင့် လူထုစင်တာများတွင် တစ်ညတာ တည်းခိုအိပ်စက်ခဲ့ရကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Unexploded WWII bomb defused in Hong Kong
HONG KONG, Sept. 20 (Xinhua) — The Hong Kong Police Force on Saturday morning defused the unexploded World War II bomb discovered at a construction site in the Eastern District, according to a police briefing.
The Police said that the site and its surroundings are now safe enough for evacuated residents to return, and all blocked roads had been reopened.
Despite a rain delay, the Police managed to cut a hole in the shell and burn the 500 pounds of TNT explosives inside, a high-stakes operation given the power of the bomb, said Suryanto Chin-chiu, senior bomb disposal officer of the Police’s explosive ordnance disposal bureau.
To dispose of the aerial bomb, which is 1.5 meters long and weighs about 1,000 pounds, the Police had evacuated around 6,000 people in surrounding buildings by 11 p.m. on Friday. Some of them spent the night at community centers with assistance from care teams and District Council members.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.