China
ပေကျင်း၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် ရေကူးချန်ပီယံရှစ် (၂၅ မီတာ) ပြိုင်ပွဲအတွက် ရက်စွဲများကို World Aquatics အတည်ပြု

ဘူဒါပက်စ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ပေကျင်း World Aquatics ရေကူးချန်ပီယံရှစ် (၂၅ မီတာ) ပြိုင်ပွဲကို တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ဒီဇင်ဘာ ၁ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာ့ရေပေါ်ရေအောက်အားကစားအဖွဲ့ချုပ် (World Aquatics) က ကြေညာခဲ့သည်။
တရုတ်ရေကူးအသင်းနှင့် ပေကျင်းမြို့တော်အားကစားဗျူရိုတို့ ပူးပေါင်း၍ ကြီးမှူးကျင်းပမည့် အဆိုပါချန်ပီယံရှစ်ပြိုင်ပွဲက နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်မှ လက်ရွေးစင်အားကစားသမား ၁,၀၀၀ ကျော်ကို ခြောက်ရက်တာ ရက်တိုရေကူးယှဉ်ပြိုင်စေရန် စုဝေးမည်ဖြစ်သည်။
ယင်းသည် ယခင်အကြိမ်များဖြစ်သော ၁၉၉၉ ခုနှစ်တွင် ဟောင်ကောင်၊ ၂၀၀၆ ခုနှစ်တွင် ရှန်ဟိုင်းနှင့် ၂၀၁၈ ခုနှစ်တွင် ဟန်ကျိုး၌ ကျင်းပခဲ့ပြီးနောက် ၎င်းချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ် စတုတ္ထအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။
‘World Aquatics အနေနဲ့ World Aquatics ရေကူးချန်ပီယံရှစ် (၂၅ မီတာ) ပြိုင်ပွဲအတွက် ပေကျင်းမြို့ကို ပြန်လာရတာ ဝမ်းသာပါတယ်” ဟု World Aquatics ဥက္ကဋ္ဌ Husain Al Musallam က ပြောကြားခဲ့သည်။
“ယခု ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၆ ရက်အထိ ပြိုင်ပွဲကို အတည်ပြုပြီး သိပ်ကောင်းတဲ့ နောက်ဆုံးအကြိမ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်က ကျင်းပပြီးနောက် ကမ္ဘာ့အတော်ဆုံးရေကူးသမားတွေက ကမ္ဘာ့အားကစားမြို့ကြီးတစ်မြို့မှာ နောက်ထပ်ထူးခြားတဲ့ ရက်တိုပြိုင်ပွဲကို ယှဉ်ပြိုင်ပြသကြမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟုလည်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
နောက်ဆုံးအကြိမ် World Aquatics ရေကူးချန်ပီယံရှစ် (၂၅ မီတာ) ပြိုင်ပွဲကို ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပက်စ်၌ ၂၀၂၄ ခုနှစ်က ကျင်းပခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၉၅ နိုင်ငံမှ အားကစားသမား စုစုပေါင်း ၉၈၅ ဦးက ဆုတံဆိပ်ပြိုင်ပွဲ ၄၅ ခု၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ကမ္ဘာ့စံချိန် အကြိမ် ၃၀၊ ကမ္ဘာ့အငယ်တန်း စံချိန် ၁၃ ကြိမ်၊ ချန်ပီယံရှစ်စံချိန် ၄၆ ကြိမ်နှင့် ကမ္ဘာ့တိုက်ကြီးအလိုက် စံချိန် ၆၃ ကြိမ်တို့ကို ချိုးဖျက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
World Aquatics confirms dates for 2026 Swimming Championships (25m) in Beijing
BUDAPEST, Sept. 24 (Xinhua) — World Aquatics announced that the World Aquatics Swimming Championships (25m) – Beijing 2026 will be held from December 1 to 6, 2026, in the Chinese capital.
The Championships, cooperated with the China Swimming Association and the Beijing Municipal Bureau of Sports, will bring together over 1,000 elite athletes from more than 200 countries and regions for six days of short-course swimming.
This marks the fourth time China hosts the Championships, following previous editions in Hong Kong in 1999, Shanghai in 2006 and Hangzhou in 2018.
“World Aquatics is delighted to return to Beijing for the World Aquatics Swimming Championships (25m),” said World Aquatics President Husain Al Musallam.
“With competition now confirmed for 1-6 December 2026 and after a brilliant last edition in 2024, we are confident the world’s best swimmers will deliver another extraordinary display of short-course racing in one of the world’s great sporting cities,” said the president.
The last edition of the short course worlds was held in 2024 in Budapest, where a total of 985 athletes from 195 countries and regions participated in 45 medal events, breaking 30 world records, 13 world junior records, 46 championship records, and 63 continental records. ■