Connect with us

China

၁၅၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှု အပြည့်အဝ ပြီးမြောက်

တာဝန်များပြီးဆုံးသည့် တရုတ်နိုင်ငံ၏ ၅၃၁၀၁ ရေယာဉ်နှင့် လာအိုနိုင်ငံ၏ ၀၀၂၊ ၀၀၃၊ ၀၀၄ ရေယာဉ်များ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား ကျင်ဟားရဲဘက်ဆိုင်ရာဆိပ်ကမ်းသို့ ရောက်ရှိလာသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Yunnan Public Security Department's marine patrol team)

ကူမင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက ၁၅၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှု စသည့် ပူးတွဲ တရားဥပဒေစိုးမိုးရေးဖလှယ်ခြင်း အစီအစဉ်များသည် စက်တင်ဘာ ၃၀ ရက်တွင် အပြည့်အဝ ပြီးမြောက်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ရေပေါ်ကင်းလှည့်တပ်ဖွဲ့ချုပ်က အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုအကြိမ်လှုပ်ရှားမှုတွင် လေးနိုင်ငံက တရားဥပဒေစိုးမိုးရေး ရေယာဉ် စုစုပေါင်း ၇ စင်း၊ တရားဥပဒေစိုးမိုးရေးဝန်ထမ်း ၁၀၀ ကျော် စေလွှတ်ခဲ့ကြောင်း သိရသည်။

လှုပ်ရှားမှုကာလအတွင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက လာအိုနိုင်ငံ Muang Mo တွင် သတင်းအချက်အလက်ဖလှယ်ပွဲ ကျင်းပခဲ့ရာ မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး အခြေအနေအား အတူတကွ လေ့လာဆန်းစစ်အကဲဖြတ်ခဲ့ကြပြီး ကွပ်ကဲညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ အရေးပေါ် တုံ့ပြန်မှု စသည့် လက်တွေ့စစ်ဆင်ရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ မဲခေါင်မြစ် အဓိကရေပြင်များ၌ ပူးတွဲအခြေစိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် လာအိုနိုင်ငံ တရားဥပဒေစိုးမိုးရေး ရေယာဉ် ၃ စင်းသည် စက်တင်ဘာ ၃၀ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားသို့ ရောက်ရှိခဲ့ရာ အစီအစဉ်အရ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ရေပေါ်ကင်းလှည့်တပ်ဖွဲ့ချုပ်သို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည် ဖြစ်သည်။ (Xinhua)
———————–
(Chinese Version)
第157次中老缅泰湄公河联合巡逻执法行动圆满完成
新华社昆明10月1日电(记者王研、胡了然)云南省公安厅水上巡逻总队10月1日发布消息,9月30日,中老缅泰四国执法部门圆满完成第157次中老缅泰湄公河联合巡逻执法行动等系列联合执法交流活动。此次行动四国共派出7艘执法艇、100余名执法队员。
行动期间,四国执法部门在老挝孟莫召开信息交流会,共同分析研判湄公河流域治安形势,围绕指挥协同、应急处突等实战科目,在湄公河重点水域开展联合驻训。
此外,老挝3艘执法艇于9月30日抵达云南西双版纳,按计划对中国云南省公安厅水上巡逻总队进行友好访问。(完)
1. 9月30日,完成任务的中方53101艇与老挝002艇、003艇、004艇抵达云南西双版纳景哈警务码头。(云南省公安厅水上巡逻总队供图)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.