Connect with us

Latin America

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဟာလန်း၏ ဟက်ထရစ်ဂိုးဖြင့် နော်ဝေ ဂိုးပြတ်အနိုင်ရရှိ

ဘာလင်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို အောက်တိုဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ နော်ဝေက အစ္စရေးအား ၅ ဂိုးပြတ် အနိုင်ယူကာ အုပ်စုတွင်း၌ ခြောက်ပွဲမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်တွင် တိုက်စစ်မှူး အာလင် ဟာလန်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ဟာလန်းအနေဖြင့် နော်ဝေအသင်းအတွက် ပါဝင်ကစားခဲ့သည့် နိုင်ငံတကာပွဲပေါင်း ၄၆ ပွဲတွင် ခြောက်ကြိမ်မြောက် သွင်းယူခဲ့သည့် ဟက်ထရစ်သွင်းဂိုးကြောင့် ၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရေးအတွက် နော်ဝေ၏ မျှော်လင့်ချက်များမှာ ပိုမိုအားကောင်းလာခဲ့သည်။

နော်ဝေ၏ သက်သောင့်သက်သာ နိုင်ပွဲကြောင့် အီတလီအတွက် ဖိအားများတိုးလာခဲ့ကာ အီတလီအနေဖြင့် အက်စတိုးနီးယားအား ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း အုပ်စုဒုတိယနေရာတွင်သာ ဆက်ရှိနေကာ playoffs ပွဲစဉ် ယှဉ်ပြိုင်ကစားရဖွယ်ရှိသည်။

နော်ဝေက အုပ်စု-I တွင် ၁၈ မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေကာ အီတလီကမူ ရမှတ် ၁၂ မှတ်ဖြင့် ဒုတိယနေရာတွင် ရှိနေသော်လည်း ပွဲကျန်တစ်ပွဲ ကျန်ရှိနေသည့်အတွက် နိုဝင်ဘာလတွင် နော်ဝေနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့မည့် ပွဲစဉ်မှာ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ရန် အီတလီအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်လာဖွယ်ရှိသည်။
ထိပ်သီးအသင်းများဖြစ်သည့် စပိန်နှင့် ပေါ်တူဂီတို့မှာ အိမ်ကွင်း၌ အသီးသီးနိုင်ပွဲရရှိခဲ့ကာ ခြေစစ်ပွဲအောင်မြင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်လျက်ရှိပြီး အဆိုပါနှစ်သင်းစလုံးမှာ သုံးပွဲကစားပြီးချိန်တွင် ကိုးမှတ်စီရရှိထားသည်။

အုပ်စု-E တွင် စပိန်က ဂျော်ဂျီယာအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို အုပ်စု-F တွင် ခရစ္စတီယာနို ရော်နယ်ဒို ပင်နယ်တီလွဲချော်ခဲ့သော်လည်း ပေါ်တူဂီက အိုင်ယာလန်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့အတူ တူကီယဲက ဘူလ်ဂေးရီးယားကို ၆-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ စပိန်၏နောက်တွင် ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုဒုတိယနေရာ၌ ရပ်တည်နေသလို အုပ်စု-F တွင် ဟန်ဂေရီကလည်း အာမေးနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အုပ်စု-K တွင် အင်္ဂလန်က ရာနှုန်းပြည့်နိုင်ပွဲဆက်နေသည့် စံချိန်ကောင်းနှင့်အတူ ထိပ်ဆုံးမှ ဦးဆောင်နေကာ အယ်လ်ဘေးနီးယားက ဆားဘီးယားအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အုပ်စုဒုတိယနေရာကို အခိုင်အမာ ရယူထားကာ လတ်ဗီးယားနှင့် အန်ဒိုရာအသင်းတို့၏ ပွဲစဉ်တွင်မူ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ (Xinhua)
—————————-

(English Version)
Haaland’s hat-trick powers Norway to win in World Cup qualifiers
BERLIN, Oct. 11 (Xinhua) — Erling Haaland scored a hat-trick as Norway crushed Israel 5-0 to notch its sixth win in as many matches in the 2026 FIFA World Cup qualification on Saturday.
Haaland’s sixth hat-trick in 46 international games has ignited hopes for Norway’s first World Cup appearance since 1998.
Norway’s comfortable win increases the pressure on Italy, which defeated Estonia 3-1 but remains second in the group and might have to face the playoffs.
Norway leads Group I with 18 points while Italy follows with 12 points but has a game in hand, meaning that their duel in November might be the last chance for Italy to turn things around.
Powerhouses Spain and Portugal push their qualification campaigns forward with home victories, both having nine points from three games.
Spain notched a 2-0 victory over Georgia in Group E, while despite Cristiano Ronaldo missing a penalty, Portugal edged Ireland 1-0 in Group F.
Türkiye thrashed Bulgaria 6-1, sitting second behind Spain with six points, while Hungary beat Armenia 2-0 in Group F.
In Group K, led by England which has a perfect winning record, Albania cemented its second position with a 1-0 win over Serbia, while Latvia and Andorra played out a 2-2 draw.
English Caption 1
Players of Spain celebrate a goal during the 2026 FIFA World Cup UEFA Qualifiers football match between Spain and Georgia, at Manuel Martinez Valero Stadium, Elche, Spain, on October 11, 2025. (Photo by Stinger/Xinhua)
English Caption 2
Pedri (L) of Spain vies with Otar Kiteishvili of Georgia during the 2026 FIFA World Cup UEFA Qualifiers football match between Spain and Georgia, at Manuel Martinez Valero Stadium, Elche, Spain, on October 11, 2025. (Photo by Stinger/Xinhua)
English Caption 3
Serbia’s Dusan Vlahovic (front R) vies with Albania’s Elseid Hysaj (front L) during the World Cup 2026 European Qualifiers Group K football match between Serbia and Albania in Leskovac, Serbia on Oct. 11, 2025. (Photo by Predrag Milosavljevic/Xinhua)