Connect with us

China

“နည်းပြ မေမေ” လီယွဲ့ဟွာနှင့် ၎င်း၏ မျက်မမြင် ဂျူဒိုအသင်း

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ ချောင်းဟွေး မသန်စွမ်းသူ အားကစားလေ့ကျင့်ရေးသင်တန်းစင်တာတွင် လီယွဲ့ဟွာအား အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှား၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
လီယွဲ့ဟွာသည် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့မှ ဂျူဒိုနည်းပြတစ်ဦးဖြစ်သည်။ တစ်ချိန်က ပရော်ဖက်ရှင်နယ် ဂျူဒို အားကစားသမားဖြစ်ခဲ့သော လီယွဲ့ဟွာသည် အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရယူမည့် အကောင်အထည်မဖော်နိုင်သေးသော အိပ်မက်တစ်ခု အမြဲရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ၎င်းသည် ကိုယ်ပိုင်ငွေစုဆောင်းပြီး ဟူနန်ပြည်နယ် မျက်မမြင်ဂျူဒို လေ့ကျင့်ရေးအဖွဲ့ တစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ကာ မျက်မမြင်အားကစားသမားများကို အခမဲ့လက်ခံခဲ့သည်။
အားကစားသမားများအတွက် ပိုမိုကောင်းမွန်သော လေ့ကျင့်မှုပတ်ဝန်းကျင်တစ်ခု ပံ့ပိုးပေးရန်အတွက် လီယွဲ့ဟွာသည် ၎င်း၏ လစာအတော်များများကို ဂျူဒိုအသင်း၏ နေ့စဉ်အသုံးစရိတ်တွင် သုံးစွဲခဲ့ပြီး ၎င်း၏အိမ်ခြံမြေကို ပေါင်နှံခဲ့ကာ ချန်ရှားမြို့ ချောင်းဟွေး မသန်စွမ်းသူ အားကစားလေ့ကျင်းရေး သင်တန်းစင်တာကို သုညမှစတင် ဖန်တီးတည်ဆောက်ခဲ့သည်။
အားကစားသမားအများစုသည် လီယွဲ့ဟွာက ၎င်းတို့အတွက် ငှားရမ်းပေးထားသော အဆောင်များတွင် နေထိုင်ကြကာ ၎င်းတို့အနက် အသက်အငယ်ဆုံးမှာ ဆယ်နှစ်ကျော်သာ ရှိပြီး လီယွဲ့ဟွာမှာ ၎င်းတို့၏ နည်းပြ ဖြစ်သလို အသင်းဆရာဝန်နှင့် ကလေးထိန်းလည်းဖြစ်ရာ ၎င်းတို့၏ လေ့ကျင့်မှုနှင့် နေထိုင်မှုကို ဘက်စုံ အပြည့်အဝ ဂရုစိုက်ပေးခြင်းကြောင့် အားကစားသမားများက ၎င်းကို “နည်းပြ မေမေ” ဟု ခေါ်ကြသည်။
၂၀၁၈ ခုနှစ်တွင် လီယွဲ့ဟွာသည် မသန်စွမ်းသူ တိုက်ကွမ်ဒိုအသင်းကို ထပ်၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ မသန်စွမ်းသူ အားကစားသမားများအား ဦးဆောင်လေ့ကျင့်ရာတွင် လီယွဲ့ဟွာသည် ၎င်းတို့အား နည်းပညာသိုင်းကွက်တစ်ခုချင်းစီကို ကိုယ်တိုင်လိုက်ပါ သင်ကြားပေးရပြီး စိတ်ရှည်မှုနှင့် အားထုတ်မှုများ ပိုမိုပေးဆပ်ရပေသည်။
၂၀၂၄ ခုနှစ်တွင် လီယွဲ့ဟွာ၏ မျက်မမြင်ဂျူဒိုအသင်းမှ အားကစားသမား လျိုလိနှင့် စီရီကျယ်တို့သည် ပဲရစ် မသန်စွမ်းသူအိုလံပစ်ပြိုင်ပွဲတွင် အသင်းအဖွဲ့မတူသော ဂျူဒိုရွှေတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။
လီယွဲ့ဟွာက အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ “ကျွန်မတို့ အဲဒီလိုလေ့ကျင့်ခန်းကွင်းသေးသေးလေးကနေ မသန်စွမ်းသူအိုလံပစ် ရွှေတံဆိပ်ဆုရှင် နှစ်ဦး ထွက်လာမယ်လို့ ဘယ်သူ ထင်နိုင်မလဲ။ ဒါဟာ ကလေးတွေ ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်မှုနဲ့ နှစ်ကြာရှည်စွာ ဆက်လက်ကြိုးစားမှုရဲ့ ရလဒ်ပါ။ ကျွန်မရဲ့နေထိုင်မှုဘဝက တစ်ရက်လေးတောင် သူတို့နဲ့ ကင်းကွာမနေနိုင်ဘူး၊ နောက်ထပ် ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


…………………
(Chinese Version)
“她”力量丨“妈妈教练”李跃华和她的盲人柔道队
新华社照片,长沙,2025年10月12日
李跃华是湖南长沙的一名柔道教练。曾是专业柔道运动员的她,一直有个未曾实现的奥运奖牌梦。2004年,她自筹经费组建了湖南省盲人柔道训练队,免费招收盲人运动员。为给运动员提供更好的训练环境,李跃华将自己的工资大都用于柔道队日常开支,并抵押了自己的房产,从零开始打造长沙市超辉残疾人体育训练培训中心。运动员大多住在李跃华为他们租的宿舍里,他们中年龄小的只有十几岁,李跃华既是教练,也是队医和保姆,要全方位照顾他们的训练和生活,被运动员们称为“妈妈教练”。
2018年,李跃华又组建了残疾人跆拳道队。带领残疾人运动员训练,李跃华经常要手把手带领他们学习每个技术动作,付出更多的耐心和汗水。
2024年,李跃华的盲人柔道队运动员刘立、史怡婕赢得巴黎残奥会不同组别的柔道金牌。李跃华实现了梦想:“谁能想到我们这小小的训练场地走出了两名残奥冠军呢?这是孩子们刻苦训练和多年坚持的结果。我的生活中一天也离不开他们,还要继续走下去。”
图说1:这是10月8日在长沙市超辉残疾人体育训练培训中心拍摄的李跃华。新华社记者 薛宇舸 摄
图说2:10月8日,李跃华(左二)在长沙市超辉残疾人体育训练培训中心与运动员们聊天。新华社记者 薛宇舸 摄