Connect with us

North America

မက္ကဆီကိုတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် သေဆုံးသူ ၆၄ ဦး ရှိလာ

မက္ကဆီကိုနိုင်ငံ ပူအက်ဘလာပြည်နယ် Huauchinango မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုတစ်ခုဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် လူ ၆၄ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။
သဘာဝဘေးဒဏ်ထိခိုက်ခံစားရသည့် လူမှုအသိုင်းအဝိုင်းများကို ကူညီရန်နှင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပြန်လည်ရရှိရန် အမျိုးသားနှင့် ဒေသခံဌာနများက အတူတကွ လုပ်ဆောင်လျက်ရှိကြောင်း မက္ကဆီကိုသမ္မတ Claudia Sheinbaum က ပြောကြားခဲ့သည်။
အောက်တိုဘာ ၆ ရက်မှ ၉ ရက်အကြား မိုးရွာသွန်းမှု စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့ပြီး အချို့နေရာများရှိ မြစ်ချောင်းများ၏ မြစ်ရေ လယ်ဗယ်မှာ ၂၈၆ မီလီမီတာအထိ ရှိခဲ့ကာ မြေပြိုမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးဆိုင်ရာ အမျိုးသားညှိနှိုင်းရေးမှူး လော်ရာ ဗီလာ့ဇ်ကွက်ဇ်က ပြောကြားခဲ့သည်။ ရေ‌ဘေးသင့်သည့် ပြည်နယ်များထဲတွင် ထိခိုက်သေဆုံးမှုအများဆုံးအဖြစ် ဗီရာခရုဇ်ပြည်နယ်၌ လူ ၂၉ ဦး သေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ဗီရာခရုဇ်၊ ပူအက်ဘလာနှင့် ဟီဒယ်လ်ဂိုပြည်နယ်များရှိ ဝေးလံခေါင်သီသော ရပ်ရွာများသို့ အစားအသောက်နှင့် ဆေးဝါးများပေးပို့ရန် လေတပ်မှ လေတံတားများ ထူထောင်ထားပြီး မြို့ပေါင်း ၃၉ မြို့သို့ ထိုအကူအညီများ ရောက်ရှိစေမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။
လူမှုဖူလုံရေးဝန်ကြီးဌာနကလည်း ရေဘေးဒုက္ခသည်များကို ရှာဖွေဖော်ထုတ်ရန်နှင့် ငွေကြေးအကူအညီများ ဖြန့်ဝေပေးအပ်ရန်အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း သန်းခေါင်စာရင်းကောက်ယူမှုကို စတင်ဆောင်ရွက်လျက်ရှိသည်။
ပဏာမခန့်မှန်းချက်များအရ အဆိုပါရေဘေးကြောင့် အိမ်ခြေ ၁၀၀,၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း Sheinbaum က ပြောကြားခဲ့သည်။ “ကိစ္စရပ်တိုင်းမှာ အစိုးရက ပံ့ပိုးပေးမှာပါ” ဟုလည်း ၎င်းက ဆိုသည်။
အမိုးအကာ၊ အစားအစာ၊ ရေသန့်နှင့် ဆေးဝါးကုသမှုများ ပံ့ပိုးပေးရေး၊ လမ်းများ၊ ဓာတ်အားလိုင်းများနှင့် အများပြည်သူ ဝန်ဆောင်မှုများ ပြုပြင်ပေးရေးတို့ကို ဆက်လက်အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်ဟု အာဏာပိုင်များကလည်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

မက္ကဆီကိုနိုင်ငံ ဗီရာခရုဇ်ပြည်နယ် ပိုဇာရီကာမြို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့သည့် လမ်းတစ်လမ်းအား သန့်ရှင်းရေးကူညီဆောင်ရွက်ပေးနေကြသည့် မက္ကဆီကိုစစ်သည်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ ဗီရာခရုဇ်ပြည်နယ် ပိုဇာရီကာမြို့၌ ရေဘေးသင့်ဒုက္ခသည်စခန်းတစ်ခု၌ ၎င်း၏ကလေးများအား ဖက်ထားသည့် အမျိုးသမီးတစ်ဉီးကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Death toll from heavy rains in Mexico rises to 64
MEXICO CITY, Oct. 13 (Xinhua) — At least 64 people have died and dozens remain missing after days of torrential rains and flooding that hit central and eastern Mexico last week, authorities said Monday.
Mexican President Claudia Sheinbaum said national and local agencies are working together to assist affected communities and restore essential services.
Laura Velazquez, national coordinator of civil protection, said rainfall between Oct. 6 and 9 reached record levels — up to 286 millimeters in some areas — causing rivers to overflow and triggering deadly landslides. Veracruz state reported 29 deaths and 18 missing, the highest toll among the affected states.
The Defense Ministry said the Air Force has set up air bridges to deliver food and medicine to isolated communities in Veracruz, Puebla and Hidalgo, reaching 39 towns on Sunday.
The Welfare Ministry has launched a door-to-door census to identify victims and distribute financial aid.
Sheinbaum said preliminary estimates suggest around 100,000 homes were damaged. “In all cases, the government will provide support,” she said.
Authorities said efforts remain focused on providing shelter, food, clean water and medical care, while repairing roads, power lines and public services. ■
English Caption 1
This drone photo taken on Oct. 13, 2025 shows the aftermath after a landslide caused by the heavy rain in Huauchinango, Puebla state, Mexico. (Photo by Francisco Canedo/Xinhua)
English Caption 2
Mexican soldiers help to clean a street affected by the heavy rain in the city of Poza Rica, Veracruz state, Mexico, Oct. 12, 2025. (Photo by Francisco Canedo/Xinhua)
English Caption 3
A woman hugs her children at a shelter for flood victims in the city of Poza Rica, Veracruz state, Mexico, Oct. 12, 2025. (Photo by Francisco Canedo/Xinhua)