Connect with us

China

စာရေးခြင်းဖြင့် မိမိ၏အလင်းရောင်ကိုရှာဖွေတွေ့ရှိခဲ့သူ – “၁၉၈၅ နှစ်အလွန် မွေးဖွားလာသူ” အမြင်အာရုံချို့ယွင်းသူ စာရေးဆရာမတစ်ဦး၏ အိပ်မက်ဖော်ဆောင်မှု

တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖုန့်ဆန်းခရိုင် ဖုန့်ချိန်မြို့နယ် တန်ဖိုးနည်း အငှားအိမ်ခန်းနေရာတွင် ဖုန်းသုံး၍ စာပေလက်ရာများ ရွတ်ဖတ်မှုကို နားထောင်နေသည့် လန်ရယ်ကျန်းအား အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖုန့်ဆန်း (ကွမ်ရှီး)၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
လန်ရယ်ကျန်း၊ နာမည်ရင်း လန်မင်နီးသည် ၁၉၈၇ ခုနှစ်တွင် တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝေးလံသော တောင်ပေါ်ရွာလေးတစ်ရွာ၌ မွေးဖွားခဲ့သည်။ ၎င်း ၁၅ နှစ်အရွယ်တွင် မိခင်သည် ကံမကောင်းစွာ နာမကျန်းဖြစ်ခဲ့ပြီး ၄ နှစ်ကျော်ကြာ ဆေးကုသခဲ့သော်လည်း ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ နောက်ဆုံးတွင် ကွယ်လွန်သွားခဲ့သည်။ “အမေ့ရဲ့ ထွက်ခွာသွားမှုက ဝေဒနာတွေကို ယူဆောင်သွားသလို ကျွန်မရဲ့ တက္ကသိုလ်တက်ချင်တဲ့ စွဲလမ်းစိတ်ကိုလည်း ယူဆောင်သွားခဲ့တယ်။ အဲဒီနှစ်မှာ ကျွန်မ တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဘဲ အိမ်နဲ့ဝေးရာမှာ အလုပ်သွားလုပ်ခဲ့တယ်” ဟု လန်ရယ်ကျန်းက ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီလ ကွမ်တုန်းပြည်နယ်တွင် အလုပ်လုပ်နေသော လန်ရယ်ကျန်းသည် ရုတ်တရက် အမြင်အာရုံဝေဝါးလာခဲ့သည်။ ထို့နောက် ရောဂါစစ်ဆေးခံယူပြီးနောက် မျက်လုံးနှစ်ဖက်စလုံးတွင် အမြင်လွှာအာရုံကြောသွေးကြောအကျိတ် စသည့် ရောဂါများ ခံစားနေရကြောင်း တွေ့ရှိရရာ နေရာစုံအောင် ဆေးကုသမှုခံယူသော်လည်း နောက်ဆုံးတွင် အမြင်အာရုံဆုံးရှုံးခဲ့ရသည်။ ကြေကွဲစရာများ ထပ်မံကျရောက်ချိန်တွင် ၎င်းသည် ကလေးနှစ်ယောက်၏ မိခင်ဖြစ်နေပြီဖြစ်သည်။ “လက်ရှိ ဘဝက ကျွန်မမြင်နေရတဲ့ ကမ္ဘာကြီးလိုပဲ မှောင်မိုက်နေတယ်၊ ထွက်လမ်းရှာမတွေ့ဘူး” ဟု လန်ရယ်ကျန်းက ပြောကြားခဲ့သည်။
တစ်ခါက မမျှော်လင့်ဘဲ လန်ရယ်ကျန်းသည် အော်ဒီယိုစာအုပ် ပလက်ဖောင်းတစ်ခု တွေ့ရှိခဲ့ပြီး ဝတ္ထုတိုများ၊ ဂန္ထဝင်ဝတ္ထုကြီးလေးအုပ်၊ စီထျယ်စိမ်း စာပေများနှင့် ကျန်းဟိုင်သီ စာပေများ…ကို စတင် နားထောင်ခဲ့သည်။ “စာအုပ်ထဲက ဇာတ်ကောင်တွေအားလုံးဟာ ဘဝရဲ့ ကြိမ်ဖန်များစွာ ထိုးနှက်မှုကို အဆုံးစွန် ကြုံတွေ့ခံစားခဲ့ရတာတောင် ကံကြမ္မာကို လုံးဝဦးမညွှတ်ခဲ့ဘူး ဆိုတာ ကျွန်မတဖြည်းဖြည်း သိလာတယ်”၊ ဤကဲ့သို့ ၎င်းသည် တဖြည်းဖြည်း ၎င်းဘဝ၏ တွေ့ကြုံ နားလည်မှုများကို စာရေးသားမှုဖြင့် မှတ်တမ်းတင်ခြင်းကို စွဲလမ်းလာခဲ့သည်။
နှစ်ပေါင်းများစွာကြာ လန်ရယ်ကျန်းသည် ကရုဏာထားသူများစွာထံမှ ကိုယ်ကျိုးမဖက်သောအကူအညီကို ရရှိခဲ့သည်။ ယင်းအနက် အများအပြားသည် ၎င်းအိမ်သို့ တကူးတက လာရောက်၍ ကြည့်ရှုပေးကြပြီး ၎င်းအတွက် အထောက်အပံ့ပစ္စည်းများ ပံ့ပိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးမှုများကို ဆောင်ကြဉ်းပေးခဲ့ကြသည်။ ၎င်း၏ စာရေးသားခြင်းလမ်းကြောင်းတွင် ပိုမိုများပြားလာသော မျှော်လင့်ချက်များ ရရှိခဲ့သလို ပိုမိုများပြားသော အလင်းရောင်များ မြင်တွေ့ခဲ့ရသည်။ ၎င်း၏ စာပေလက်ရာများသည် ဖုန့်ဆန်းစာပေ၏ WeChat Official Account မှ စတင်ကာ ပိုမိုပျံ့နှံ့လာခဲ့ပြီး “ကွမ်ရှီး စာပေ” “အမျိုးသား စာပေ” စသည့် စာစောင်များတွင် ဆက်တိုက် ထုတ်ဝေခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ၎င်းသည် ကွမ်ရှီးစာရေးဆရာများအသင်း၏ တရားဝင်အဖွဲ့ဝင်ဖြစ်လာခဲ့သည်။
“မှောင်မိုက်ခြင်းထဲမှာ စာရေးခြင်းဖြင့် မိမိ၏အလင်းရောင်စဉ်ကို ရှာဖွေတွေ့ရှိခဲ့သည့် စာရေးဆရာမတစ်ဦး” ဟူ၍ လန်ရယ်ကျန်းက မိမိကိုယ်ကို အမြဲမိတ်ဆက်လေ့ရှိသည်။ စာရေးသားခြင်းကြောင့် ၎င်း၏ လင်းရောင်စဉ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ကြောင်း၊ စာရေးသားခြင်းကြောင့် ၎င်းအား ပိုမိုများပြားသောလူများ မြင်တွေ့နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“တကယ်လို့ ဒီဘဝမှာ မျက်မမြင်တစ်ဦးအဖြစ်နဲ့ပဲ နေရမယ်ဆိုရင်လည်း ကျွန်မက တောင်နဲ့ကြုံရင် လမ်းဖောက်မယ်၊ ရေနဲ့ကြုံတဲ့အခါ တံတားဆောက်ပြီး ကျွန်မပိုင်ဆိုင်တဲ့ မျက်မမြင်လမ်းမကြီးတစ်ကြောင်းကို ဖန်တီးသွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်)ကို ယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖုန့်ဆန်းခရိုင် ဖုန့်ချိန်မြို့နယ် တန်ဖိုးနည်းအငှားအိမ်ခန်းနေရာတွင် ကွန်ပျူတာဖြင့် စာရေးသားနေသည့် လန်ရယ်ကျန်းအား အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
靠写作发现自己光芒——一名“85后”视障作家的梦想追逐
新华社照片,凤山(广西),2025年10月15日
蓝野针,原名蓝敏妮,1987年出生在广西一个边远的山村。在她15岁那年,母亲不幸患上疾病,经过4年多的治疗一直没有好转,最后离开人世。“妈妈的离开,带走了病痛,也带走了我对大学的执念。那一年,我放弃了高考,选择外出打工。”蓝野针说。
2018年4月,正在广东打工的蓝野针,看东西突然模糊不清,经诊断患上双眼视网膜血管瘤等疾病,四处寻医,终无良方,最后双目失明。不幸再次降临时,她已经是两个孩子的妈妈。“眼前的生活就像我看到的世界一样黑暗,找不到出路。”蓝野针说。
无意间,蓝野针找到了一个听书平台,开始听小说,听四大名著,听史铁生,听张海迪……“我慢慢发现书里的主角无一不是历尽生活的千番锤打,依旧没有向命运低头。”渐渐的,她迷上用文字记录自己的生活感悟。
多年来,蓝野针得到许多爱心人士的无私帮助,不少人还专程到家里看望她,给她带去物质资助和精神鼓励。她在写作的路上收获越来越多的希望,看到越来越多的光明,她的文学作品从当地凤山文学微信公众号出发,越走越远,先后被《广西文学》《民族文学》等刊物刊发。2024年9月,她正式成为广西作家协会会员。
“一个在黑暗中靠写作发现自己光芒的写作者。”蓝野针总是这样自我介绍。她说,因为写作,自己看见了自己的光芒;因为写作,自己被越来越多的人看见。“如果此生只能做一个盲人,我也可以逢山开道,遇水搭桥,开辟出一条属于自己的盲道。”
图说:10月14日,在广西凤山县凤城镇廉租住房里,蓝野针用手机听文学作品朗读。 新华社记者 陆波岸 摄
图说:10月14日,在广西凤山县凤城镇廉租住房里,蓝野针用电脑写作。新华社记者 陆波岸 摄