Connect with us

China

မလေးရှားနိုင်ငံမှ တရုတ်နိုင်ငံအထိ – ဒူးရင်းသီးများအား လတ်ဆတ်အောင် ၃၆ နာရီအတွင်း အရောက်ပို့ဆောင်

မလေးရှားနိုင်ငံ Pahang ပြည်နယ် Raub မြို့၌ ဒူးရင်းပင်တစ်ပင်၏ သစ်ကိုင်းတွင် Black Thorn ဒူးရင်းသီးများ အပြည့်သီးနေပုံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ Pahang ပြည်နယ် Raub မြို့သည် ဒူးရင်းသီး အဓိကထွက်သည့် ဒေသများအနက် တစ်ခုဖြစ်သည်။ တစ်မူထူးခြားသော အပူပိုင်းမိုးသစ်တော ရာသီဥတုနှင့် မြေဆီလွှာပတ်ဝန်းကျင်ကို အားထား၍ ထိုနေရာရှိ Musang King ၊ Black Thorn စသည့် ထိပ်တန်းဒူးရင်းသီး အမျိုးအစားများသည် အသားကျစ်၍နူးညံ့ပြီး ရနံ့မွှေးကြိုင်သင်းပျံ့သောကြောင့် နိုင်ငံတကာဈေးကွက်တွင် နာမည်ဂုဏ်သတင်းကျော်ဇောသည်။
ယခင်နှစ်များက Raub မြို့မှထွက်သည့် ဒူးရင်းသီးအများစုသည် နယ်စပ်ဖြတ်ကျော် အအေးခန်းကွင်းဆက် (Cold Chain) ဖြင့် တရုတ်နိုင်ငံဈေးကွက်သို့ တိုက်ရိုက်ပံ့ပိုးပေးလေ့ရှိသည်။ ယနေ့အခါ နှစ်နိုင်ငံလေကြောင်းခရီးစဉ်များ အဆက်မပြတ်ထပ်တိုးလာသည့် အခြေအနေတွင် သဘာဝအလျောက် ဒူးရင်းသီးများ မှည့်သည့်အခါမှ ခူးဆွတ်ပြီးနောက် ၃၆ နာရီအတွင်း တရုတ်စားသုံးသူများ၏ လက်ထဲသို့ အမြန်ဆုံး ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့သည်။
မလေးရှားနိုင်ငံ Raub မြို့မှလာသည့် ဒူးရင်းသီးများသည် တောတောင်ရေမြေများကို ကျော်ဖြတ်၍ အမြန်ဆုံး တိုက်ရိုက်ပို့ဆောင်ရောက်ရှိလာခဲ့ရာ တရုတ်-မလေးရှား စားသောက်ပုံယဉ်ကျေးမှုအား ချိတ်ဆက်ပေးသည့် ချိုမြိန်သောဆက်နွှယ်မှု ဖြစ်လာခဲ့ပေသည်။ (Xinhua)

မလေးရှားနိုင်ငံ Selangor ပြည်နယ်ရှိ ဒူးရင်းသီးကုန်ချောထုတ်လုပ်ရေးစက်ရုံတစ်ရုံ၌ ဝန်ထမ်းများက ဒူးရင်းသီးများတွင် အနာအဆာ၊ ပိုးကျမှု ရှိ၊ မရှိအား စစ်ဆေးပြီး အတွေ့အကြုံအရ ဒူးရင်းသီးအမြှောင်း အရေအတွက်နှင့် အရည်အသွေးကို မူတည်၍ အသေးစိတ် အမျိုးအစားခွဲနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ ပိုင်ယွင်ခရိုင် သစ်သီးရောင်းချရေးကုန်သည် လည်ပတ်ရေးစင်တာတစ်ခု၌ အရောင်းမန်နေဂျာ ချန်သန်းဟွာက မကြာသေးမီကမှ ရောက်ရှိလာသည့် မလေးရှားနိုင်ငံ Musang King ဒူးရင်းသီးအား ပြသနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
镜头连中外丨从马来西亚到中国:榴莲36小时“抢鲜”送
新华社照片,吉隆坡,2025年10月19日
马来西亚彭亨州劳勿是榴莲重要产区之一。依托独特的热带雨林气候与土壤环境,这里的猫山王、黑刺等高端榴莲品种果肉绵密、风味浓郁,在国际市场素有美誉。
往年,劳勿榴莲产出的一大部分会通过跨境冷链直供中国市场,如今在两国航线不断增加的前提下,实现了榴莲自然成熟落果收获后,最快36小时送到中国消费者手上。
一颗颗来自马来西亚劳勿的榴莲,跨越山海、极速直达,成为连接中马饮食文化的甜蜜纽带。
1、这是10月16日在马来西亚彭亨州劳勿拍摄的一棵榴莲树,树枝上挂满了沉甸甸的黑刺榴莲。 新华社记者 程一恒 摄
2、10月16日,在马来西亚雪兰莪州的一家榴莲加工厂,工作人员检查榴莲是否有磕碰、虫眼,同时通过经验判断榴莲的房数和品质将其再进行细分。新华社记者 程一恒 摄
3、10月17日,在广州白云区一家水果经销商的运营中心,销售经理陈丹华展示刚到货的马来西亚猫山王榴莲鲜果。新华社记者 邓华 摄