Connect with us

China

တရုတ်နိုင်ငံတွင်ပထမသုံးလပတ်သုံးခုအတွင်း ပြည်သူများဝင်ငွေ တည်ငြိမ်စွာမြင့်တက်လာ

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Bayingolin ခရိုင် Yuli တွင် ခရီးသွားဧည့်သည်များ ရှုခင်းသာနေရာကို လည်ပတ်ကြည့်ရှုနေကြသူများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ခိုင်မာသော အလုပ်အကိုင်စျေးကွက်နှင့် စီးပွား‌ရေးတည်ငြိမ်မှုများကြောင့် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်သုံးခုကာလအတွင်း တရုတ်နိုင်ငံ၏လူတစ်ဦးချင်းစီ၏ သုံးစွဲနိုင်သောဝင်ငွေ တည်ငြိမ်စွာတိုး တက်လာကြောင်း အောက်တိုဘာ ၂၀ ရက်၌ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ပြသခဲ့သည်။
ယခုနှစ်၏ ပထမကိုးလအတွင်း နိုင်ငံ၏ လူတစ်ဦးချင်းစီသုံးစွဲနိုင်သောဝင်ငွေသည် ယွမ် ၃၂,၅၀၉ (အမေရိကန်‌ဒေါ်လာ ၄,၅၈၀ ခန့်) ရှိပြီး ယမန်နှစ်အလားတူကာလထက် မူရင်းတန်ဖိုးများ (nominal terms) တွင် ၅.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တန်ဖိုးနုတ်ယူပြီးနောက် ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုအဆိုအရသိရသည်။
အဆိုပါကာလအတွင်း နိုင်ငံတစ်ဝန်း ပျမ်းမျှအလယ်အလတ်နိုင်ငံသားတစ်ဦးချင်းစီ၏ သုံးစွဲနိုင်သောဝင်ငွေမှာ ယွမ် ၂၇,၁၄၉ ဖြစ်ပြီး ယမန်နှစ် ကာလတူနှင့်နှိုင်းယှဥ်လျှင် ၄.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။
ကျေးလက်တွင်နေထိုင်သူများ၏ ဝင်ငွေများမှာ မူရင်းတန်ဖိုးများအရ ၅.၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အလားတူကာလတွင် မြို့ပြနေထိုင်သူများ၏ကြီးထွားမှုနှုန်း ၄.၄ ရာခိုင်နှုန်းထက် ပိုမိုမြန်ဆန်မှုနှုန်းကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း NBS ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကျန်းရိ က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ တစ်ဦးချင်းစီသုံးစွဲမှုစရိတ်သည် ၂၁,၅၇၅ ယွမ် ရှိခဲ့ပြီး မူရင်းတန်ဖိုးများအရ ၄.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နုတ်ယူပြီးတန်ဖိုးအားဖြင့်မူ ၄.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
ဝန်ဆောင်မှုများအတွက် သုံးစွဲမှုစရိတ် ခိုင်မာသည့်တိုးတက်မှုကိုဆက်ထိန်းထားပြီး စုစုပေါင်း စားသုံးစရိတ်၏ ၄၆.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း အချက်အလက်များက ပြသထားသည်။
တရုတ်နိုင်ငံသည် အလုပ်အကိုင်စျေးကွက်တွင် တည်ငြိမ်မှုဆက်လက်ထိန်းထားနိုင်ရန်၊ ပြည်သူများ ဝင်ငွေတိုးတက်မှုတည်ငြိမ်စေရန်နှင့် နေထိုင်သူများ၏ စွမ်းဆောင်နိုင်မှုနှင့် စားသုံးမှုဆန္ဒ ခိုင်မာအားကောင်းစေရန် အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်ကုန် စုစုပေါင်းပမာဏသည် ယခုနှစ် ပထမသုံးလပတ် သုံးခုကာလတွင် ယမန်နှစ်ကထက် ၅.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း အောက်တိုဘာ ၂၁ ရက်၌ ထုတ်ပြန်သော အချက်အလက်များက ဖော်ပြခဲ့သည်။ (Xinhua)
…………………….
(English Version)
China sees steady growth in people’s growth in first three quarters
BEIJING, Oct. 20 (Xinhua) — China’s per capita disposable income posted steady growth in the first three quarters of 2025, supported by overall economic stability and a stable job market, official data showed on Monday.
The country’s per capita disposable income stood at 32,509 yuan (about 4,580 U.S. dollars) in the first nine months of this year, up 5.1 percent year on year in nominal terms, while representing an increase of 5.2 percent after deducting price factors, according to the National Bureau of Statistics (NBS).
Median per capita disposable income nationwide was 27,149 yuan during the period, an increase of 4.5 percent year on year.
Incomes of rural residents increased 5.7 percent year on year in nominal terms, maintaining a faster growth rate than that of urban residents, which rose 4.4 percent over the same period, said Zhang Yi, an official with the NBS.
Meanwhile, China’s per capita consumption expenditure came in at 21,575 yuan, up 4.6 percent year on year in nominal terms and increasing by 4.7 percent after deduction of price factors.
Consumer spending on services maintained solid growth, accounting for 46.8 percent of total consumption expenditure, the data showed.
In the next phase, China will step up efforts to maintain stability in the job market, promote steady growth in people’s incomes, and strengthen residents’ capacity and willingness to consume, Zhang said.
Monday’s data also showed that China’s gross domestic product grew 5.2 percent year on year in the first three quarters of this year.
Photo : A drone photo taken on Oct. 18, 2025 shows tourists visiting a scenic spot in Yuli County, Mongolian Autonomous Prefecture of Bayingolin, northwest China’s Xinjiang Uygur Autonomous Region. (Photo by Wang Zhipeng/Xinhua)