China
ဘိလပ်မြေထုတ်လုပ်မှုတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာမှုကို ဇင်ဘာဘွေဝန်ကြီး ချီးကျူး
ဟာရာရီ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံ သတင်း၊ ပြန်ကြားရေးနှင့် ရုပ်သံလွှင့်ဝန်ဆောင်မှု၀န်ကြီး Jenfan Muswere က နိုင်ငံ၏ ဘိလပ်မြေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာမှုကို အောက်တိုဘာ ၂၁ ရက်၌ ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။
နိုင်ငံ၏မြို့တော် ဟာရာရီတွင် ပြုလုပ်သည့် ဝန်ကြီးအဖွဲ့၏ မီဒီယာရှင်းလင်းပွဲအပြီး၌ ဝန်ကြီးက တရုတ်ကုမ္ပဏီများသည် ဇင်ဘာဘွေ၏ ဘိလပ်မြေလုပ်ငန်းကဏ္ဍတွင် လွန်ခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းသည် ကုန်ထုတ်လုပ်မှုကဏ္ဍ ပြန်လည်အသက်ဝင်လာစေရန်နှင့် နိုင်ငံ၏စက်မှုလက်မှုလုပ်ငန်းတွန်းအားပေးမှုကို အရှိန်မြှင့်ရန် အစိုးရ၏ကြိုးပမ်းမှုများနှင့် ကိုက်ညီသည်ဟု ၎င်းက ပြောသည်။
သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည့် အမျိုးသားစက်မှုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့် လာမည့်မူဝါဒသစ်တို့ကြား အသွင်ကူးပြောင်းရေးဆိုင်ရာ မူဘောင်ဖြစ်သော ဇင်ဘာဘွေစက်မှုပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သည် နိုင်ငံ၏စက်မှုလုပ်ငန်းအစီအစဉ်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်ကြောင်း Muswere မှ မှတ်ချက်ပြုခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း ဇင်ဘာဘွေနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) ၏ ၁၅.၃ ရာခိုင်နှုန်းခန့်ရှိသည့် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ နိုင်ငံ့စီးပွားရေးအတွက် ထိပ်တန်းပံ့ပိုးကူညီသူအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၅ နှစ်လယ် ဘတ်ဂျက်ထုတ်ပြန်ချက်အရ အစဉ်အလာအားဖြင့် ဂျီဒီပီ၏အဓိကမောင်းနှင်အားများဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ရေးကဏ္ဍတို့ထက် ကုန်ထုတ်လုပ်မှုကဏ္ဍက ပို၍သာလွန်ကောင်းမွန်ကာ ဇင်ဘာဘွေနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် ၎င်း၏ကြီးထွားလာနေသော အခန်းကဏ္ဍကို ထင်ဟပ်စေလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Zimbabwean minister hails Chinese investment boost in cement production
HARARE, Oct. 21 (Xinhua) — Zimbabwean Minister of Information, Publicity, and Broadcasting Services Jenfan Muswere on Tuesday hailed rising Chinese investments for boosting the country’s cement production capacity.
Addressing a post-Cabinet media briefing in Harare, the country’s capital, the minister said Chinese companies have invested more than one billion U.S. dollars over the past year in Zimbabwe’s cement industry.
He said the surge in Chinese investments aligns with the government’s efforts to revitalize the manufacturing sector and accelerate the country’s industrialization drive.
Muswere noted that the Zimbabwe Industrial Reconstruction and Growth Plan — a transitional framework between the expired National Industrial Development Policy and a forthcoming new policy — has laid a solid foundation for the country’s industrialization agenda.
He added that the manufacturing sector, which accounted for about 15.3 percent of Zimbabwe’s gross domestic product (GDP) in 2024, emerged as the top contributor to the economy.
According to the 2025 midterm budget statement, the manufacturing sector outperformed agriculture and mining, traditionally the main drivers of GDP, reflecting its growing role in Zimbabwe’s economic growth. ■
English Caption
Engineering vehicles are seen at an open cast mine operated by Zhong Jian Investments, a Chinese coal mining company, in Hwange, Matebeleland North Province, Zimbabwe, on June 13, 2022. (Photo by Tafara Mugwara/Xinhua)
