Connect with us

Business

မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် နိုင်ငံတကာ အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ဒီဇင်ဘာလတွင် ကျင်းပမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်သည့် ၂၀၂၄ ခုနှစ် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် နိုင်ငံတကာ အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ဒီဇင်ဘာလ ၅ ရက်မှ ၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၂၇ ရက်၌ ပြောသည်။

“ဒီကုန်စည်ပြပွဲကို ကျင်းပတာ ဒီနှစ်ဆို တတိယအကြိမ်မြောက်ဖြစ်သွားပြီ။ ဒီပြပွဲကို တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ တို့ရဲ့ အထည်အလိပ်နဲ့ ချည်ထည်လုပ်ငန်းတွေ၊ နောက်ပြီး မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ အချင်းချင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ရေရှည်လုပ်နိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ ကျွန်မ ခဏခဏပြောသလို ဒီကုန်စည်ပြပွဲက အထည်ချုပ်နဲ့ ဆက်စပ်ပြီး ဆန်းသစ်တီထွင်မှုအမျိုးမျိုးကို လေ့လာဖို့ အလွန်ကောင်းတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်”ဟု ၎င်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

သုံးရက်ကြာကျင်းပမည့် အဆိုပါ ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ အထည်အလိပ် ထုတ်ကုန်ပစ္စည်းနှင့် စက်ပစ္စည်းများ၊ Local MSMEs and Made in Myanmar Product များ၊ အထည်ချုပ်စက်ရုံများအတွက် Sewing motors များ၊ အထည်အလိပ်သုံး Accessories & Raw Materials များ၊ အဝတ်အထည်သုံး Tags, Pricing Tags Printing & Trim Accessories များ၊ Design and Pattern ထုတ်လုပ်သည့် Printing and Machinery တို့ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းပြပွဲ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သော ထုတ်ကုန်များကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲသို့ ဧည့်သည်အနေဖြင့် လာရောက်ကြည့်ရှုမည့်သူများအနေဖြင့် တရုတ်နိုင်ငံ အထည်အလိပ်နှင့် စက်ယန္တရားထုတ်လုပ်သူများ၊ မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင်များ၊ စက်ရုံပိုင်ရှင်များ၊ အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးရေးနှင့် ဆက်စပ်သောလုပ်ငန်းများအတွက် ထောက်ပံ့ဆောင်ရွက်ပေးသော လုပ်ငန်းများ (Suppiler & Traders )၊ Local Brands နှင့် SMEs လုပ်ငန်းကို အစပြုလိုသူများ အနေဖြင့် တစ်နေရာတည်းတွင် လေ့လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117