China
တရုတ်သံရုံးက ဂီနီဘစ်ဆောကျောင်းသို့ သင်ထောက်ကူပစ္စည်းများ လှူဒါန်း
ဘစ်ဆော၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
ဂီနီဘစ်ဆောနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ဂီနီဘစ်ဆောနိုင်ငံ မြို့တော်ဘစ်ဆောရှိ Kwame Nkrumah National အထက်တန်းကျောင်းသို့ သင်ကြားရေး အထောက်အကူပြုပစ္စည်းအသုတ်တစ်သုတ်ကို လှူဒါန်းလိုက်ကြောင်း သံရုံးက နိုဝင်ဘာ ၅ ရက်၌ ထုတ်ပြန်ခဲ့သည်။
အဆိုပါလှူဒါန်းမှုတွင် ပရင်တာသုံးလုံး၊ စကင်နာနှစ်လုံး၊ ကျောင်းသုံးကျောပိုးအိတ်အလုံးရေ ၁၀၀၊ မှတ်စုစာအုပ်ပေါင်း ၉၀၀ အုပ်နှင့် ဘောပင်အချောင်းရေ ၁,၀၀၀ ပါဝင်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒီထောက်ပံ့မှုက နှစ်နိုင်ငံအကြား နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုပြီး ကျောင်းသားတွေရဲ့ သင်ယူမှုကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်” ဟု ဂီနီဘစ်ဆောနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယန်ရန်ဟော်က သံရုံးတွင် ကျင်းပသော အဆိုပါပစ္စည်းများအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ဒေသခံကျောင်းသားများအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုတွင် ပညာသင်ဆုအခွင့်အလမ်းများလည်း ပါဝင်ကြောင်း ယန်က ပြောကြားခဲ့ပြီး “နှစ်နိုင်ငံပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးများ ခိုင်မာစေရန်” ကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုခဲ့သည်။
အဆိုပါအထက်တန်းကျောင်း၏ ကျောင်းအုပ် Jose Issa Balde ကလည်း ထိုလှူဒါန်းမှုနှင့် ပညာသင်ဆုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသားများအား “ပိုမိုကြိုးစားလေ့လာရန်” နှင့် သံရုံးမှ ပေးအပ်သော အခွင့်အလမ်းများကို အပြည့်အဝအသုံးချရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

ဂီနီဘစ်ဆောနိုင်ငံ မြို့တော်ဘစ်ဆောရှိ တရုတ်-ဂီနီဘစ်ဆော ချစ်ကြည်ရေးစာသင်ကျောင်း၏ ကျောင်းတွင်းမြင်ကွင်းကို ၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Chinese embassy donates teaching materials to Guinea-Bissau school
BISSAU, Nov. 5 (Xinhua) — The Chinese Embassy in Guinea-Bissau has donated a batch of teaching materials to the Kwame Nkrumah National High School in the capital, Bissau, the embassy said Wednesday.
The donation includes three printers, two scanners, 100 school backpacks, 900 notebooks, and 1,000 pens, according to a statement from the embassy.
“This support symbolizes the profound friendship between the two countries and contributes to students’ learning,” said Chinese Ambassador to Guinea-Bissau Yang Renhuo during the handover ceremony held at the embassy.
Yang said that China’s support for local students also includes scholarship opportunities, reaffirming the commitment to “strengthening the ties of cooperation and friendship between the two peoples.”
For his part, Jose Issa Balde, principal of the high school, expressed gratitude for the donation and the scholarships, urging students to “work harder” and make full use of the opportunities provided by the embassy. ■
English Caption 1
This photo taken on July 6, 2024 shows the entrance to the China-Guinea-Bissau Friendship School in Bissau, Guinea-Bissau. (Xinhua/Han Xu)
English Caption 2
This photo taken on July 6, 2024 shows an interior view of the China-Guinea-Bissau Friendship School in Bissau, Guinea-Bissau. (Xinhua/Han Xu)
