Connect with us

China

ဝမ်ရိနှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Espen Barth Eide တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Espen Barth Eide တို့ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Espen Barth Eide နှင့် နိုဝင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် နော်ဝေနိုင်ငံကို ဥရောပတိုက်ဦးတည်ချက်၏ အရေးကြီးသော၊ တည်ငြိမ်သောမိတ်ဖက်အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။ နော်ဝေနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် အပြုသဘောတည်ငြိမ်သော၊ လက်တွေ့ ဓမ္မဓိဋ္ဌာန်ကျသော မူဝါဒကို ဆက်လက်ဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံခေါင်းဆောင်များ၏အရေးကြီးသဘောတူညီချက်ကို အတူတကွ ကောင်းမွန်စွာ ဖော်ဆောင်ရန်၊ အဓိကကျသည့် အကျိုးစီးပွားများကို အပြန်အလှန်အားဖြင့် အခိုင်အမာလေးစားပြီး တစ်ဖက်သား၏ အဓိကစိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားပေးရန်၊ တံခါးဖွင့်လှစ်၍ ဘုံအကျိုးဖော်ဆောင်ခြင်း၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေခြင်းကို ဆက်လက်ဆောင်ရွက်ရန်၊ တရုတ်-နော်ဝေဆက်ဆံရေး ကဏ္ဍသစ်သို့ တက်လှမ်းရေး တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Espen Barth Eide က နော်ဝေနိုင်ငံအနေဖြင့် တရုတ်လျှပ်စစ်ကားများကို အပြည့်အဝတံခါးဖွင့်ထားပြီး အခွန်သုည မူဝါဒကို ကျင့်သုံးကြောင်း၊ သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံများသည် နော်ဝေ၏ အတွေးအခေါ်နှင့် အထူးကိုက်ညီမှုရှိကြောင်း၊ နော်ဝေနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂပဋိညာဉ်စာတမ်းစိတ်ဓာတ်ကို လက်တွဲကာကွယ်ထိန်းသိမ်းသွားလိုပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံသော နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Espen Barth Eide တို့ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
王毅同挪威外交大臣艾德会谈
新华社北京11月11日电 中共中央政治局委员、外交部长王毅11日在北京同挪威外交大臣艾德举行会谈。
王毅表示,中方视挪威为欧洲方向重要、稳定的伙伴。希望挪方延续积极稳定、务实理性的对华政策,共同落实好两国领导人重要共识,坚持尊重彼此核心利益、照顾对方重大关切,继续开放共赢、相互成就,推动中挪关系迈上新台阶。
艾德表示,挪对中国电动汽车完全开放,采取零关税政策。习近平主席提出全球治理倡议同挪方理念高度契合,挪方愿同中方携手维护联合国宪章精神,支持以规则为基础的多边贸易体制。(完)
1. 11月11日,中共中央政治局委员、外交部长王毅在北京同挪威外交大臣艾德举行会谈。 新华社记者 刘彬 摄