Sport
ITTF ဒုတိယဥက္ကဋ္ဌအဖြစ် လျိုကော်လျန် ပြန်လည်ခန့်အပ်ခံရ
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
နိုင်ငံတကာစားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ဥက္ကဋ္ဌ Petra Sorling က လျိုကော်လျန် အား ITTF ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်လိုက်ကြောင်း ကမ္ဘာ့စားပွဲတင်တင်းနစ်အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။ထိုသို့ပြန်လည်ခန့်အပ်မှုကို Sorling က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး Liu အပါအဝင် မကြာခင်ကမှ ရွေးကောက်တင်မြှောက်ခံရသော အမှုဆောင်ဒုတိယဥက္ကဋ္ဌ ရှစ်ဦးစလုံး တက်ရောက်ခဲ့သည့် ITTF အမှုဆောင်ဘုတ်အဖွဲ့ သက်တမ်းသစ်၏ ပထမဆုံးအစည်းအဝေးအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“သူ့ရဲ့အတွေ့အကြုံ၊ ကျွန်တော်တို့ရဲ့အားကစားအပေါ် သူ့ရဲ့နားလည်မှုနဲ့ ITTF အပေါ် သူ့ရဲ့ ရှည်ကြာလာပြီဖြစ်တဲ့ ကတိကဝတ်တွေက ကျွန်တော်တို့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ပိုင်ဆိုင်မှုတွေပါပဲ” ဟု စော်လျင် က လျို ကို ပြန်လည်ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
လျို သည် ၂၀၂၁ ခုနှစ်တွင် ITTF အမှုဆောင်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင်မူ ITTF ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသည်။
“ကမ္ဘာ့အားကစားဇာတ်ခုံမှာ စားပွဲတင်တင်းနစ်အားကစားရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ITTF ဥက္ကဋ္ဌ၊ အမှုဆောင်ဘုတ်အဖွဲ့နဲ့အတူ ဆက်လက်ပြီးတော့ အစွမ်းကုန်ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Liu Guoliang re-appointed as ITTF deputy president
BEIJING, Nov. 17 (Xinhua) — International Table Tennis Federation (ITTF) president Petra Sorling has re-appointed Liu Guoliang as the ITTF deputy president, the global table tennis governing body announced on Monday.
The re-appointment was made during the ITTF Executive Board’s first meeting of the new term, which was chaired by Sorling and attended by all eight newly elected executive vice presidents including Liu.
“His experience, his understanding of our sport, and his long-standing commitment to the ITTF are important assets for our organization,” Sorling said of Liu’s re-appointment.
Liu was elected as the ITTF executive vice president in 2021 and appointed as the ITTF deputy president in 2022.
“I will continue to spare no effort in working with the ITTF president and the Executive Board to promote the development of table tennis on the global sports stage,” he said. ■
English Caption
Liu Guoliang has been re-appointed as ITTF deputy president
