Asia
အိုကီနာဝါနှင့် နာဂါဆာကီ အုပ်ချုပ်ရေးမှူးများက နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒသုံးရပ်အား ပြန်လည်ပြင်ဆင်ရန် ဂျပန်ဝန်ကြီးချုပ်၏ ကြိုးပမ်းမှုကို လက်သင့်မခံ
တိုကျို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ဂျပန်ပြည်သူများအနေဖြင့် နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒသုံးရပ်အား ပြန်လည်ပြင်ဆင်ခြင်းကိုလည်းကောင်း၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် ဦးတည်ကြိုးပမ်းမှုများကို ဆန့်ကျင်သော လုပ်ရပ်မှန်သမျှကိုလည်းကောင်း လုံးဝလက်သင့်ခံမည်မဟုတ်ကြောင်း အိုကီနာဝါစီရင်စု အုပ်ချုပ်ရေးမှူး ဒန်နီ တာမာခိက နိုဝင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်ဟု ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ကာလရှည်ကျင့်သုံးခဲ့သည့် နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒသုံးရပ်အား ပြန်လည်ပြင်ဆင်ရန် စဉ်းစားသုံးသပ်နေသည်ဟူသော သတင်းများထွက်ပေါ်နေခြင်းကို တုံ့ပြန်သည့်အနေဖြင့် တာမာခိက ဂျပန်နိုင်ငံမှာ အဏုမြူဗုံးဒဏ်ကို လက်တွေ့ခံစားခဲ့ရသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်သည့်အလျောက် ဂျပန်ပြည်သူများက ထိုလုပ်ရပ်အား လုံးဝလက်သင့်ခံမည် မဟုတ်ဟု ထောက်ပြပြောဆိုခဲ့သည်။
“နျူကလီးယားလက်နက်တွေကို ဖျက်သိမ်းချင်တဲ့ ပြည်သူတွေရဲ့ဆန္ဒကို နားလည်သဘောပေါက်ဖို့က ဝန်ကြီးချုပ်တစ်ယောက်ရဲ့ တာဝန်ပါပဲ” ဟု တာမာခိက ပြောကြားခဲ့ပြီး ဂျပန်အစိုးရအနေဖြင့် ထိုအချက်အား အပြည့်အဝထည့်သွင်းစဉ်းစားမည်ဟု မျှော်လင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
နာဂါဆာကီမြို့ အုပ်ချုပ်ရေးမှူး ကန်ဂို အိုအိရှိကလည်း ဝန်ကြီးချုပ်တာကာအိချိအနေဖြင့် မူဝါဒပြန်လည်ပြင်ဆင်ရန် စဉ်းစားနေသည့်အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ယင်းနေ့၌ပင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကာ အဏုမြူဗုံးဒဏ်သင့် နေရာဒေသတစ်ခုအဖို့ ထိုကဲ့သို့လုပ်ဆောင်ခြင်းအား လုံးဝလက်သင့်မခံကြောင်း အလေးအနက်ပြောကြားခဲ့သည်။
နျူကလီးယားလက်နက်များ ပိုင်ဆိုင်မှုမရှိရေး၊ ထုတ်လုပ်ခြင်းမပြုရေးနှင့် ဂျပန်နိုင်ငံ၏ နယ်နိမိတ်ထဲသို့ နျူကလီးယားလက်နက်များ ယူဆောင်ခွင့်မပြုရေးဟူသော နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒသုံးရပ်အား ထိုစဉ်က ဂျပန်ဝန်ကြီးချုပ်ဖြစ်သူ အဲအိဆာခု ဆာတိုက ဂျပန်နိုင်ငံ၏ ဒိုင်းယက်လွှတ်တော်၌ ၁၉၆၇ ခုနှစ်တွင် ပထမဆုံးကြေညာခဲ့ရာ နိုင်ငံလုံးဆိုင်ရာ မူဝါဒအဖြစ် ရှုမြင်ခံခဲ့ရသည်။ (Xinhua)
——————————–
(English Version)
Okinawa, Nagasaki governors reject Japan PM’s push to revise non-nuclear principles
TOKYO, Nov. 18 (Xinhua) — Japan’s Okinawa Governor Denny Tamaki said Monday that the people of Japan will absolutely not accept a revision of Three Non-Nuclear Principles or any move that runs counter to efforts toward the abolition of nuclear weapons, local media reported.
In response to reports that Prime Minister Sanae Takaichi is considering revising the long-standing Three Non-Nuclear Principles, Tamaki pointed out that Japan is the only country to have suffered atomic bombings, the people will say no to that move.
“Understanding the people’s desire to abolish nuclear weapons is the prime minister’s responsibility,” Tamaki said, adding that he hoped the government would give this full consideration.
Nagasaki Governor Kengo Oishi also voiced his opposition at a press conference on the same day, stressing that for a place that had suffered atomic bombings, Takaichi’s mulling over a review of the principles is completely unacceptable.
