Business
မြန်မာနိုင်ငံတွင် ၁၀ လအတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည် ၈၀၉,၀၀၀ ကျော်ဝင်ရောက်
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသို့ ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း နိုင်ငံခြားခရီးသွား ၈၀၉,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးဝင်းညွန့်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။
၂၀၂၄ ခုနှစ် အလားတူကာလတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည် ၈၉၀,၀၀၀ ခန့် ဝင်ရောက်ခဲ့သောကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက အလားတူကာလထက် လျော့နည်းခဲ့ကြောင်း ၎င်းက ဆိုသည်။
ယခုကာလအတွင်းတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အများဆုံးလာရောက်ကြောင်း ၎င်းက ဆိုသည်။
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁.၀၆ သန်း ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)
…………………….
English Version
Yangon (AAA111921) Myanmar welcomes over 809,000 foreign tourists in 10 months
YANGON, Nov. 19 (Xinhua) — Myanmar received over 809,000 foreign tourists during the first 10 months of 2025, according to the Ministry of Hotels and Tourism on Wednesday.
This year’s foreign tourist arrivals between January and October are lower compared to about 890,000 foreign tourists who visited the country during the same period in 2024, U Myo Win Nyunt, deputy permanent secretary of the ministry told Xinhua.
The majority of tourists during this period came from China, Thailand and South Korea, the official said.
In 2024, Myanmar welcomed over 1.06 million foreign tourists, according to the ministry. Enditem
