Eastern Europe
ရုရှားနှင့် ယူကရိန်းတို့မှ ကိုယ်စားလှယ်များ အဘူဒါဘီတွင် တွေ့ဆုံခဲ့ကြောင်း ကရင်မလင်နန်းတော် ထုတ်ပြန်
မော်စကို၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်များသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) မြို့တော်အဘူဒါဘီ၌ နိုဝင်ဘာ ၂၆ ရက်တွင် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း ရုရှားသမ္မတ၏ လက်ထောက်တစ်ဦးက ပြောကြားခဲ့သည်။
ရုရှားသမ္မတ လက်ထောက် Yuri Ushakov က အမေရိကန်ကိုယ်စားလှယ်များသည်လည်း ရုရှားကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်းလည်း နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
အဘူဒါဘီမြို့တွင် ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးအတွင်း ယူကရိန်းနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားထံ ပေးပို့ခဲ့သော်လည်း “မည်သူနှင့်မျှ အသေးစိတ်ဆွေးနွေးခြင်း မရှိသေး” ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံမှ ရေးဆွဲထားသော အဆိုပါငြိမ်းချမ်းရေးအစီအစဉ်၏ အစိတ်အပိုင်းအချို့ကို ရုရှားနိုင်ငံအနေဖြင့် အပြုသဘောဆောင်စွာ ရှုမြင်သော်လည်း အချို့သော ရှုထောင့်များကိုမူ ကျွမ်းကျင်သူများကြား အထူးဆွေးနွေးရန် လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ဥရောပသည် ယူကရိန်းနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို “လုံးဝမလိုလားအပ်သော ဟန်ပန်ဖြင့်” ဝင်ရောက်စွက်ဖက်လျက်ရှိသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Kremlin says Russian, Ukrainian representatives met in Abu Dhabi
MOSCOW, Nov. 26 (Xinhua) — Russian and Ukrainian representatives held a meeting on Wednesday in Abu Dhabi, a Russian presidential aide said.
Yuri Ushakov said on Wednesday that U.S. representatives also met with Russian representatives.
The peace plan for Ukraine was not discussed during the meeting in the United Arab Emirates’ capital, he said, adding that it was passed on to Russia but has not yet been “discussed in detail with anyone yet.”
Russia views parts of the U.S. peace plan positively, but some aspects require special discussion among experts, he noted.
The official added that Europe is interfering in the peace process in Ukraine in “a completely unnecessary manner.” ■
English Caption
This photo taken on April 24, 2025 shows the Kremlin in Moscow, Russia. (Photo by Alexander Zemlianichenko Jr/Xinhua)
