China
ချိရှီးကျေးရွာ ကျေးလက်ဒေသပြန်လည်ဖွံ့ဖြိုးရေး အခြေအနေသစ်များ
နင်တယ် (ဖူကျန့်)၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် နင်တယ်မြို့ ဖူတင်ခရိုင်အဆင့်မြို့ ဖန်ရှီးမြို့နယ်ရှိ ချိရှီးကျေးရွာသည် ယခင်က “တရုတ်နိုင်ငံ ဆင်းရဲမွဲတေမှု လျှော့ချရေး ပထမဆုံး ကျေးရွာ” ဖြစ်သည်။ ဆယ်စုနှစ်ကြာ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက်ဒေသပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ချိရှီးကျေးရွာသည် ထူးခြားသော “ပါတီတည်ဆောက်ရေး ဦးဆောင်မှု၊ စက်မှုလုပ်ငန်း မြှင့်တင်မှုနှင့် ဂေဟခရီးသွားလုပ်ငန်း” လမ်းကြောင်းကို စူးစမ်းရှာဖွေခဲ့ပြီး ကျေးရွာပြည်သူများ၏ လူနေမှုဘဝများ သိသာထင်ရှားသော တိုးတက်မှုများ ရရှိစေခဲ့ပြီး ကျေးရွာ အသွင်အပြင် ဆန်းသစ်လာခဲ့သည်။ အဆိုပါကျေးရွာ ပြည်သူများ၏ အသာတင်ဝင်ငွေသည် ၁၉၈၄ ခုနှစ်တွင် ၁၆၆ ယွမ်မှ ၂၀၂၄ ခုနှစ်တွင် ၃၉,၄၈၇ ယွမ်အထိ တိုးတက်လာခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ကျေးရွာဘဏ္ဍရေးဝင်ငွေ ၁,၂၃၅,၇၀၀ ယွမ် အကောင်အထည်ဖော်နိုင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် နင်တယ်မြို့ ဖူတင်ခရိုင်အဆင့်မြို့တွင် အထူးခန့်အပ်ထားသော ကျေးလက်ဒေသ ပြန်လည်ဖွံ့ဖြိုးရေး နည်းပြဆရာ (ယာဘက်၊ ဒုတိယမြောက်) သည် ချိရှီးကျေးရွာရှိ အော်ဂဲနစ် လက်ဖက်ဖြူစိုက်ခင်းတွင် လက်ဖက်စိုက်တောင်သူများအား လက်ဖက်ပင်ညှပ်ခြင်းလုပ်ငန်း လမ်းညွှန်ပေးနေသည်ကို ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)





…………………………….
(Chinese Version)
赤溪村的乡村振兴新气象
新华社照片,宁德(福建),2025年12月3日
位于福建宁德福鼎市磻溪镇的赤溪村,曾是“中国扶贫第一村”。在数十年的脱贫攻坚和乡村振兴进程中,赤溪村探索出一条“党建引领、产业带动、生态旅游”的特色路径,村民生活得到显著改善,村容村貌焕然一新。据统计,该村农民人均纯收入从1984年的166元增长到2024年的39487元,2024年实现村财收入123.57万元。
图说1:12月2日拍摄的赤溪村(无人机照片)。 新华社记者 魏培全 摄
图说2:12月3日,福鼎市乡村振兴特聘指导员(右二)在赤溪村有机白茶种植园指导茶农修剪茶树。新华社记者 魏培全 摄
