China
တရုတ်ကွန်ဖူးပညာနှင့် ဂျာမနီဓားပညာ – ကိုယ်ခံပညာဖြင့် တရုတ်-ဂျာမနီ ယဉ်ကျေးမှုဖလှယ်ရေး ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
အသက် ၄၈ နှစ်အရွယ် Ismet Himmet (တရုတ်အမည် ရိုလီဟန့်) သည် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ နေထိုင်ပြီး တရုတ်ဘာသာစကားအား ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။ Ismet Himmet သည် ၁၉၉၁ ခုနှစ်ကတည်းက တရုတ်ကိုယ်ခံပညာကို စတင်သင်ယူခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ကာ ဆရာဖြင့် ပညာလေ့လာသင်ယူခဲ့ကာ ၂၀၀၆ ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ၌ တရုတ်ကိုယ်ခံပညာအား အချိန်ပြည့်သင်ကြားမှု လုပ်ဆောင်ခဲ့သည်။
၎င်းက ဘာလင်မြို့တွင် ဖွင့်လှစ်ထားသည့် ကွန်ဖူးအကယ်ဒမီ၌ ထိုက်ချိပညာ၊ ပါးကွကျန်ပညာ၊ ရှင်ယိချွမ်ပညာ စသည့် ကိုယ်ခံပညာသင်တန်းများ ဖွင့်လှစ်ထားရာ အသက်အရွယ်အပိုင်းအခြား မတူညီသော သင်တန်းသား၊ သင်တန်းသူများ လာရောက်လေ့ကျင့်ရန် ဆွဲဆောင်ခဲ့သည်။ ၎င်း၏စာသင်ခန်းအတွင်း၌ တရုတ်ကိုယ်ခံပညာသည် ပညာရပ်တစ်မျိုးဖြစ်ရုံသာမက နေထိုင်မှုဘဝပုံစံနှင့် တွေးခေါ်မှုပုံစံတစ်မျိုးလည်း ဖြစ်ပေသည်။
ရှဲယွီရန်ကို ၎င်းတို့အသိုင်းအဝိုင်း၌ အားရှောင်း ဟုခေါ်ပြီး တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၌ မွေးဖွားကာ လက်ရှိတွင် ရှန်ဟိုင်းမြို့၌ နေထိုင်လျက်ရှိသည်။ တက္ကသိုလ်တက်နေစဉ်ကာလတွင် ဥရောပသမိုင်းကိုယ်ခံပညာ (HEMA) နှင့် စတင်ထိတွေ့ခဲ့ပြီး ၎င်းက ဂျာမနီဂန္ထဝင်ဓားပညာစနစ်မှ စတင်လေ့လာသင်ယူခဲ့ရာ သမိုင်းလက်နက်နှင့် ကိုယ်ခံပညာများအပေါ် တဖြည်းဖြည်းချင်း နက်ရှိုင်းစွာ သုတေသနပြုလုပ်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ရှဲယွီရန်သည် မိတ်ဖက်နှင့်အတူ ရှန်ဟိုင်းသမိုင်းကိုယ်ခံပညာကလပ် (SHMA) အား ဖွင့်လှစ်ခဲ့ပြီး ဥရောပသမိုင်းကိုယ်ခံပညာ၊ တရုတ်ကိုယ်ခံပညာ စသည့် ပညာရပ်များအား စနစ်တကျ လေ့ကျင့်ပေးမှု လုပ်ဆောင်ခဲ့သည်။ ယနေ့တွင် SHMA ၌ အဖွဲ့ဝင် ၂၀၀ ကျော် ရှိလာပြီဖြစ်သည်။ ၎င်းအနက်တစ်ဝက်ကျော်မှာ ဂျာမနီဓားပညာအား လေ့လာသင်ယူကြပြီး သင်ခန်းစာတွင် ဥရောပဓားရှည်၊ စစ်သုံးဓားရှည်၊ ဓားနှင့်ဒိုင်း စသည်တို့ပါဝင်သည်။
Ismet Himmet သည် ဂျာမနီပြည်သူများကို တရုတ်ကိုယ်ခံပညာအကြောင်း ပိုမိုနက်ရှိုင်းစွာ နားလည်လာစေပြီး ရှဲယွီရန်ကမူ တရုတ်လူငယ်များကို ဂျာမနီဓားပညာနှင့် ရင်းနှီးလာစေခဲ့သည်။ ယူရေးရှားကုန်းမြေကြီးအား ကျော်ဖြတ်၍ ၎င်းတို့သည် ကိုယ်ပိုင်နည်းလမ်းများဖြင့် ကိုယ်ခံပညာကို ယဉ်ကျေးမှုအား ကျော်ဖြတ်နိုင်သည့် ပေါင်းကူးတံတားအဖြစ် လုပ်ဆောင်ပေးလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရှန်ဟိုင်းသမိုင်းကိုယ်ခံပညာကလပ် (SHMA) ၌ အဖွဲ့ဝင်နှင့် ဓားရှည်ကစားနည်း လေ့ကျင့်နေသည့် ရှဲယွီရန်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




——————
(Chinese Version)
镜头连中外丨中国功夫与德国剑术:武术搭起中德文化交流桥梁
新华社照片,柏林,2025年12月3日
48岁的游理汉原名伊斯梅特·希梅特,居住在德国柏林,能流利使用中文。游理汉1991年开始学习中国武术,2000年首次赴华“拜师学艺”,2006年起他在德国开始全职教授中国武术。他在柏林创办的武馆设有太极拳、八卦掌、形意拳等教学项目,吸引不同年龄段的学员前来练习。在他的课堂里,武术不仅是一套技法,更是一种生活方式和思维方法。
佘予然,圈内人称“阿枭”,出生于四川,现居上海。大学时接触到欧洲历史武术(HEMA)的他从德国古典剑术体系入手,对历史兵器与技法的研究逐渐深入。2015年,佘予然与伙伴共同创立上海历史武术俱乐部(SHMA),将欧洲历史武术、中国武术等项目纳入系统训练。如今,SHMA拥有200多名会员,其中一半以上学习德国剑术,课程涵盖欧洲长剑、军刀、剑盾等。
游理汉让德国人更深入理解中国武术,佘予然则让中国年轻人走近德国剑术。跨越欧亚大陆,他们都在以自己的方式,让武术成为跨越文化的桥梁。
图说1:11月13日,在德国柏林“玄”武术馆,游理汉(左)指导学员练习。新华社记者 张豪夫 摄
图说2:11月22日,佘予然在上海历史武术俱乐部与伙伴对练长剑。新华社记者 刘颖 摄
