Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် နှင့် ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်ရန် ဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး (ဝဲ) တို့ပေကျင်းမြို့ ၌ အောက်တိုဘာ ၂၆ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် ပေကျင်းမြို့ ၌ အောက်တိုဘာ ၂၆ ရက်ကတွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုတွင် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကို ထိန်းသိမ်းတန်ဖိုးထားသင့်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှေ့သို့မှန်မှန်ရွေ့လျားနေသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

အာဘေး ၏ သုံးရက်တာ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ် သည် အောက်တိုဘာ ၂၅ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ၇နှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံး လာရောက်သည့် ဂျပန်ဝန်ကြီးချုပ်ဖြစ်ကြောင်း သိရသည်။လီက တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားပါကြောင်း၊ တည်ငြိမ်ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်း နှစ်နိုင်ငံနှင့် ပြည်သူများ၏ အခြေခံကျသော အကျိုးစီးပွားကို ဖြစ်ထွန်းစေသည့်အပြင် ဒေသတွင်း နှင့် ကမ္ဘာအတွက်ပါ အရေးပါကြောင်းေ ပြောကြားခဲ့သည်။သတင်းအပြည့်အစုံဖတ်ရန် Link- http://www.xinhuanet.com/english/2018-10/27/c_137561185.htm

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117