Connect with us

China

ကမ္ဘောဒီးယား-ထိုင်း အပစ်ရပ်မှုသဘောတူညီချက် တစ်ဆင့်ချင်း အကောင်အထည်ဖော်နိုင်မှုအပေါ် တရုတ်နိုင်ငံက နှစ်သိမ့်အားရမိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်-ကမ္ဘောဒီးယား-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak တို့နှင့်အတူ သုံးနိုင်ငံမှ တပ်မတော် အသီးသီး၏ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား-ထိုင်း အပစ်ရပ်မှုသဘောတူညီချက်အား တစ်ဆင့်ချင်း အကောင်အထည်ဖော်နိုင်ပြီး ကမ္ဘောဒီးယား စစ်သည် ၁၈ ဦးသည် ကမ္ဘောဒီးယားဘက်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့သည်ကို သတိပြုမိခဲ့ကြောင်း၊ ယင်းအပေါ် နှစ်သိမ့်အားရဖြစ်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဇန်နဝါရီ ၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကမ္ဘောဒီးယား-ထိုင်းက အပစ်ရပ်ရေးပူးတွဲကြေညာချက်အား ထုတ်ပြန်ပြီးနောက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ဒေသ၌ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခြင်း မရှိတော့ကြောင်း၊ ထိုင်းဘက်က ဒီဇင်ဘာ ၃၁ ရက်တွင် ထိန်းသိမ်းထားသော စစ်သည် ၁၈ ဦးကို ကမ္ဘောဒီးယားဘက်ထံ လွှဲပြောင်းပေးအပ်ခဲ့ရာ လက်ရှိဒေသတွင်းအခြေအနေတစ်ရပ်လုံးသည် ပြေလျော့သွားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက် မေးမြန်းခဲ့သည်။

“ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်အနေနဲ့ ဆက်လက်ရှေ့သို့ ရှေးရှု၍ ရှေ့သို့လျှောက်လှမ်းရန်၊ ချိတ်ဆက်ညှိနှိုင်းမှုအား မြှင့်တင်ရန်၊ ဘက်စုံရေရှည်အပစ်ရပ်မှုအား အတူတကွ အာမခံပေးရန်၊ ယုံကြည်မှုအား တစ်ဆင့်ချင်း ပြန်လည်တည်ဆောက်၍ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ရန် မျှော်လင့်ပါတယ်။ ဒါက ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံပြည်သူများရဲ့ အခြေခံနဲ့ ရေရှည်အကျိုးစီးပွားနဲ့ ကိုက်ညီသလို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘုံမျှော်လင့်ချက်နဲ့လည်း ကိုက်ညီပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနေဖြင့် သမ္မတရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) အား ဆက်လက် အကောင်အထည်ဖော်ဆောင်ကာ တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးပွင့်ဆိုင် ဖူရှန်းတွေ့ဆုံမှုတွင် အတည်ပြုထားသည့် ဦးတည်ချက်အရ အာရှနည်းလမ်းဖြင့် ကမ္ဘောဒီးယား-ထိုင်း စဉ်ဆက်မပြတ် အပစ်ရပ်မှု၊ နှစ်ဖက်ဆက်ဆံရေး ပြန်လည်တိုးတက်လာမှုအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပံ့ပိုးပေးကာ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှု၊ အိမ်နီးချင်းနိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား တွန်းအားပေးမှုအတွက် ရှိသင့်သောကြိုးပမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
外交部:中方对柬泰停火共识得到逐步落实感到欣慰
新华社北京1月5日电(记者董雪、袁睿)外交部发言人林剑5日在例行记者会上回答有关提问时表示,作为柬泰两国的友好近邻,中方注意到柬泰停火共识得到逐步落实,柬18名士兵安全返回柬埔寨,对此感到欣慰。
有记者问:自2025年12月27日柬泰签署停火联合声明以来,柬泰边境地区未再发生交火,泰方于12月31日向柬方移交18名被扣士兵,现地形势总体降温。中方对此有何评论?
“希望柬泰双方继续向前看、向前走,加强对话沟通,共同确保全面持久停火,逐步重建信任、改善关系。这符合柬泰两国人民的根本和长远利益,也符合国际社会的共同期待。”林剑说。
他说,中方将继续落实习近平主席提出的全球安全倡议,按照中柬泰三方抚仙会晤确定的方向,以亚洲方式为柬泰实现可持续停火、转圜双边关系提供积极协助,为维护地区和平稳定、推进周边命运共同体建设作出应有努力。(完)
图说:12月29日,中柬泰外长会晤在云南玉溪成功举行。中共中央政治局委员、外交部长王毅和柬埔寨副首相兼外交大臣布拉索昆、泰国外长西哈萨以及三国军队的负责人出席。 新华社记者 王冠森 摄