Connect with us

Politics, Law & Military

ကျောက်စိမ်းတုံး ဖြတ်စ မျိုးစုံ ကီလို ၅၁ဝ ခန့် နောင်ချိုမြို့အဝင်တွင် သိမ်းဆည်းရမိ

မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်တုံးများအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

နောင်ချိုမြို့အဝင် (Mobile Team) ဌာနစုံ စစ်ဆေးရေး ဂိတ်တွင် ဗင်အမျိုးအစား ယာဉ် တစ်စီးပေါ်မှ ကျောက်စိမ်းတုံး ဖြတ်စမျိုးစုံ ကီလို ၅၁ဝ ခန့်သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ ဖမ်းမိခြင်းက စတုတ္ထအကြိမ်မြောက် ကျောက်စိမ်းတုံး ဖြတ်စ် မျိုးစုံအား ဖမ်းမိခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းက သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့မှ မူဆယ် သို့ မောင်းနှင်လာသော၊ တစ်ဖက်နိုင်ငံသို့ သွားမည့် 8A/—ယာဉ် (ဗင်) အား စစ်ဆေးရေး ဂိတ်၌ ဦးစိုးလွင်(ညွှန်/မှူး) ဦးစီးသော ဌာနစုံ ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း၊ ထို့နောက် ယာဉ်အား ဆက်လက် စစ်ဆေးရာ ယာဉ်နောက်ခန်း အံဝှက်အတွင်းမှ လည်းကောင်း၊ ယာဉ်ရှေ့ခန်း ဒက်ရှ်ဘုတ် အတွင်းမှ လည်းကောင်း တစ်ဖက်နိုင်ငံသို့ တင်ပို့ရန် စနစ်တကျ ထည့်သွင်း သယ်ဆောင်လာသော ကျောက်စိမ်းတုံး၊ အခြမ်းတုံးများ၊ ဖြတ်စများ အရွယ်အစားမျိုးစုံ အလေးချိန် ၅၁ဝ ကီလိုခန့်အား ရှာဖွေ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117