Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ရလဒ်များ အားလုံး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ကြေညာ ပြီးစီး

နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲအတည်ပြုရလဒ်များကို ကြေညာရန် ကျန်ရှိနေသေးသည့် ကချင်ပြည်နယ် ခေါင်လန်ဖူးနှင့် နောင်မွန်းမြို့နယ်များရှိ မဲဆန္ဒနယ်မြေများတွင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန်ကြေညာ ပြီးနောက် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မဲဆန္ဒနယ်မြေအားလုံး ကြေညာပြီးစီး သွားပြီ ဖြစ်ကြောင်း သိရသည်။

ကြေညာရန် ကျန်ရှိနေသည့် ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ၂ နေရာ ဖြစ်သည့် နောင်မွန်း မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လည်းကောင်း ၊ ခေါင်လန်ဖူး မဲဆန္ဒနယ်တွင် လီဆူး အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ဒူးလေး ပါတီ) မှ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ၁ နေရာဖြစ်သည့် မဲဆန္ဒနယ် အမှတ် (၁) တွင် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီမှ အနိုင် ရရှိခဲ့သည်။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၄ နေရာ ဖြစ်သည့် နောင်မွန်း မဲဆန္ဒနယ် (၁)နှင့် (၂) တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှလည်းကောင်း ၊ ခေါင်လန်ဖူး မဲဆန္ဒနယ် (၁)တွင် လီဆူး အမျိုးသား ဖွံ့ဖြိုး တိုးတတ်ရေး ပါတီ (ဒူးလေး ပါတီ) မှ လည်းကောင်း ၊ ခေါင်လန်ဖူး မဲဆန္ဒနယ် (၂) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ လည်းကောင်း အနိုင် ရရှိခဲ့သည်။ တိုင်းရင်းသား လူမျိုးစု ၄ နေရာ ဖြစ်သည့် ဗမာ ၊ လီဆူး ၊ ရှမ်း ၊ ရဝမ် တိုင်းရင်းသားများ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ အနိုင် ရရှိခဲ့သည်။

ကျင်းပ ပြီးစီးခဲ့သည့် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၃၂၃ နေရာ ၊ အမျိုးသား လွှတ်တော် ၁၆၈ နေရာ ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၆၃၀ နေရာနှင့် တိုင်းရင်းသား လူမျိုး ၂၉ နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ ၁၁၅၀ ရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ အနိုင်ရ ကိုယ်စားလှယ် ၈၈၆ ဦးဖြင့် အများဆုံး အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီမှ ကိုယ်စားလှယ် ၁၁၈ ၊ ရခိုင် အမျိုးသား ပါတီ (ALP) မှ ကိုယ်စားလှယ် ၄၅ ဦး ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ကိုယ်စားလှယ် ၄၀ ဦး အသီးသီး အနိုင် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)