Connect with us

Politics, Law & Military

လွှတ်တော်များ ဖွဲ့စည်းရာတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို အလေးအနက် ထား ရှေးရှုဆောင်ရွက်ရန် သူရ ဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည် သဘောတူညီမှု ရရှိ

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ- H.E. Thura U Shwe Mann)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ယနေ့ တွေ့ဆုံ ဆွေးနွေးရာတွင် လွှတ်တော် အသစ်များ ဖွဲ့စည်းရာ၌ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို အလေးအနက် ထား ရှေးရှုဆောင်ရွက်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးပွဲ အပြီး ပူူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲ၌ ထွက်ပေါ်လာသည့် ပြည်သူ့ဆန္ဒကို တည်ငြိမ် အေးချမ်းစွာ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရေး၊ လွှတ်တော်၏ မူဝါဒ ဆောင်ပုဒ်နှင့် အညီ ပြည်သူများ ရွေးချယ် တာဝန်ပေးမှု များကို ဆက်လက် အထောင်အထည် ဖော်ဆောင်ရွက်ရေး၊ လွှတ်တော် ကိစ္စရပ်များ၊ အခြား အရေးကြီး ကိစ္စများကို အပြန်အလှန် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည် လေးစားပြီး သဟဇာတ ဖြစ်သော အစဉ်အလာကောင်းများ ချမှတ်နိုင်ရေးတို့အတွက် ယနေ့ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ အား တွေ့ရစဉ် (ဆင်ဟွာ)

လွှတ်တော်များကို ဥပဒေနှင့် အညီ ခေါ်ယူ ဖွဲ့စည်းနိုင်ရေး အတွက် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်နေရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်းကိုလည်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော် အဆောက် အဦရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၏ ရုံးခန်းတွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီ အချိန်တွင် တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့ လွှတ်တော်ဒ ုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၊ အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်နှင့် ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.