Connect with us

Social, Education & Health

တရုတ်ဆေးအဖွဲ့က တိုဂိုနိုင်ငံမြောက်ပိုင်းရှိ ကလေးများအတွက် အခမဲ့တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပေး

တိုဂိုနိုင်ငံသို့ ရောက်ရှိသည့် တရုတ်ဆေးအဖွဲ့မှ ဆရာဝန်တစ်ဦး (ဝဲ) က တိုဂိုနိုင်ငံ ကိုဇာစီရင်စု ပိုင်ယာဒေသရှိ ပိုင်ယာဆေးဘက်ဆိုင်ရာနှင့် လူမှုရေးစင်တာတွင် လူနာတစ်ဦးအား အပ်စိုက်ကုသပေးနေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လိုမီ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တိုဂိုနိုင်ငံသို့ ရောက်ရှိနေသည့် ၂၈ သုတ်မြောက် တရုတ်ဆေးအဖွဲ့က နိုင်ငံမြောက်ပိုင်း ကာရာမြို့ရှိ Sainte Marguerite Home မိဘမဲ့ဂေဟာသို့ မတ် ၁၄ ရက်၌ အခမဲ့ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဆေးဝါးများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါကာရာအခြေစိုက် တရုတ်ဆေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် ထိုအစီအစဉ်မှ စုစုပေါင်း ကလေး ၃၇ ဦးနှင့် ဝန်ထမ်း ၁၀ ဦးတို့ အကျိုးကျေးဇူးခံစားခဲ့ကြရကာ ၎င်းဆေးအဖွဲ့တွင် ခွဲစိတ်ဆရာဝန်တစ်ဦး၊ ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်တစ်ဦး၊ သားဖွား-မီးယပ်အထူးကုဆရာဝန်တစ်ဦး၊ ဓာတ်ခွဲခန်းပညာရှင်တစ်ဦး၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အထူးကုဆရာဝန်တစ်ဦးနှင့် အပ်စိုက်ကုထုံးပညာရှင်တစ်ဦးတို့ ပါဝင်သည်။

တိုဂိုနိုင်ငံသို့ ရောက်ရှိသည့် တရုတ်ဆေးအဖွဲ့မှ ဆရာဝန်တစ်ဦး (လယ်) က တိုဂိုနိုင်ငံ ကိုဇာစီရင်စု ပိုင်ယာဒေသရှိ ပိုင်ယာဆေးဘက်ဆိုင်ရာနှင့် လူမှုရေးစင်တာတွင် လူနာတစ်ဦးအား စမ်းသပ်ကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကလေးများ၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာစေရေးအတွက် အဖွဲ့အနေဖြင့် ပိုမိုပံ့ပိုးကူညီရန် အသင့်ရှိကြောင်း ဆေးအဖွဲ့ခေါင်းဆောင် Xi Gang က အဆိုပါမိဘမဲ့ဂေဟာအား အခိုင်အမာပြောကြားခဲ့သည်။

တိုဂိုနိုင်ငံသို့‌ ရောက်ရှိသည့် တရုတ်ဆေးအဖွဲ့မှ ဆရာဝန်တစ်ဦးက တိုဂိုနိုင်ငံ ကိုဇာစီရင်စု ပိုင်ယာဒေသရှိ ပိုင်ယာဆေးဘက်ဆိုင်ရာနှင့် လူမှုရေးစင်တာတွင် လူနာတစ်ဦးအား အပ်စိုက်ကုသပေးနေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

Sainte Marguerite Home မိဘမဲ့ဂေဟာ၏ အကြီးအကဲ Essoham Balakiyem Adekpessim ကလည်း တရုတ်ဆေးအဖွဲ့၏ အဆိုပါအခမဲ့တိုင်ပင်ဆွေးနွေးမှုများနှင့် ဆေးဝါးများ လှူဒါန်းမှုကို ကြိုဆိုခဲ့သည်။ ၎င်းက တရုတ်နိုင်ငံနှင့် တိုဂိုနိုင်ငံအကြား အဆိုပါကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအား ချီးကျူးဂုဏ်ပြုခဲ့သလို ထိုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုက အားနည်းချက်ရှိသော လူဦးရေ၏ အကျိုးအတွက် ကျန်းမာရေးကဏ္ဍ အားကောင်းစေရန် ကူညီပေးသည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Chinese medical team offers free consultations for children in northern Togo
LOME, March 14 (Xinhua) — The 28th Chinese Medical Team on Saturday organized free medical consultations and donated medicines to the Sainte Marguerite Home, a center for vulnerable children in Kara city in northern Togo.
A total of 37 children and 10 staff members benefited from the initiative, carried out by the Chinese medical team based in Kara. The team included a surgeon, a traumatologist, a gynecologist-obstetrician, a laboratory technician, a radiologist and an acupuncturist.
Xi Gang, head of the medical team, assured the orphanage of the team’s readiness to further contribute to improving the children’s health care.
Essoham Balakiyem Adekpessim, head of the Sainte Marguerite Home, welcomed the free consultations and the donation of medicines. He also praised the health cooperation between China and Togo, saying that such collaboration helps strengthen the health sector for the benefit of disadvantaged populations. ■
English Caption 1
A doctor (L) of the Chinese medical team in Togo performs acupuncture treatment on a patient at the Pya Medical and Social Center in Pya, Kozah Prefecture, Togo, Aug. 14, 2025. (Xinhua/Sun Yi)
English Caption 2
A doctor (C) of the Chinese medical team in Togo examines a patient at the Pya Medical and Social Center in Pya, Kozah Prefecture, Togo, Aug. 14, 2025. (Xinhua/Sun Yi)
English Caption 3
A doctor of the Chinese medical team in Togo performs acupuncture treatment on a patient at the Pya Medical and Social Center in Pya, Kozah Prefecture, Togo, Aug. 14, 2025. (Xinhua/Sun Yi)