Connect with us

International Organizations

ပရီးမီးယားလိဂ်တွင် မန်ချက်စတာယူနိုက်တက်က အဆင့်-၃ နေရာကို အခိုင်အမာ ထိန်းထားနိုင်ခဲ့ပြီး တော့တင်ဟမ်က အန်ဖီးလ်တွင် သရေတစ်မှတ်ရရှိ

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က လီဗာပူးလ်အသင်းနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပွဲစဉ်၌ တော့တင်ဟမ်အသင်းမှ ရစ်ချာလီဆန် ဒီအန်ဒရာဒီ ချေပဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မတ် ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်-၃၀ ၌ မန်ချက်စတာယူနိုက်တက်က အက်စတွန်ဗီလာကို အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ရာသီကုန်တွင် ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်ရေးအတွက် အလားအလာ ပိုမိုကောင်းမွန်သွားပြီဖြစ်သည်။
ယခုနိုင်ပွဲကြောင့် မိုက်ကယ် ကာရစ်၏ အသင်းမှာ အမှတ်ပေးဇယားတွင် အက်စတွန်ဗီလာ၏အထက် အဆင့်-၃ ၌ ရပ်တည်နေကာ ဗီလာအသင်းမှာမူ ပရီးမီးယားလိဂ်တွင် နောက်ဆုံးသုံးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့သည်။
အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ ကက်စီမီရိုက ပွဲချိန် ၅၃ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့ကာ ဘရူနို ဖာနန်ဒက်စ်၏ ဖြတ်တင်ဘောပေးပို့မှုကို အားပါတိကျသော ခေါင်းတိုက်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော် ပွဲချိန် ၆၅ မိနစ်တွင် လူးကက်စ် ဒစ်ဂ်နီ၏ ဖန်တီးပေးမှုကို ရော့စ် ဘာကလေက ဘယ်ခြေဖြင့်ကန်သွင်းကာ ၁-၁ ဂိုး ဖြစ်စေခဲ့သည်။
ထို့နောက် ၇ မိနစ်အကြာတွင် ဖာနန်ဒက်စ်၏ ဖန်တီးပေးမှုမှပင် မက်သီးယက်စ် ကွန်ညာက ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်နိုင်ခဲ့သဖြင့် ယူနိုက်တက်က ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့သလို ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၉ မိနစ်အလိုတွင် ဘန်ဂျမင် ရှက်ရှ်ကိုက အနိုင်သေချာစေမည့်ဂိုးကို သွင်းယူခဲ့သည်။
တော့တင်ဟမ်နှင့် လီဗာပူးလ်အသင်း၏ ပွဲစဉ်မှာမူ ပွဲချိန် မိနစ် ၉၀ တွင် သွင်းယူခဲ့သည့် ရစ်ချာလီဆန်၏ ချေပဂိုးကြောင့် တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ကာ တော့တင်ဟမ်နည်းပြ အီဂေါ တူဒေါအနေဖြင့် အသင်းကို စတင်ကိုင်တွယ်ပြီးနောက် ငါးပွဲမြောက် ရှုံးပွဲကြုံရနိုင်သည့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့သည့်အတွက် အနည်းငယ် အသက်ရှူချောင်သွားဖွယ်ရှိသည်။
လီဗာပူးလ်အသင်းက ပွဲချိန် ၁၈ မိနစ်တွင် ဒေါမနစ် ဆိုဘော့ဇ်လိုင်၏ ဖရီးကစ်သွင်းဂိုးဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီး အဆိုပါသွင်းဂိုး၌ တော့တင်ဟမ်ဂိုးသမား ဂူဂလီရယ်မို ဗီကာရီယိုအနေဖြင့် ပိုမိုကောင်းမွန်သည့် ကာကွယ်မှုမျိုး လုပ်‌ဆောင်နိုင်ခဲ့သင့်သည်။
တန်းဆင်းဇုန်ထဲသို့ မကျရောက်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေသည့် အသင်းများ ပါဝင်သော အခြားပွဲစဉ် နှစ်ပွဲမှာ ဂိုးမရှိသရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည့်အတွက် ယခုပွဲစဉ်၌ သရေကျခဲ့သည့် တော့တင်ဟမ်က တန်းဆင်းဇုန်၏ အထက်တွင် တစ်မှတ်အကွာဖြင့် ရပ်တည်လျက်ရှိသည်။ နော်တင်ဟမ် ဖောရက်စ်က အိမ်ကွင်း၌ ဖူလ်ဟမ်နှင့် ဂိုးမရှိသရေကျခဲ့ပြီး လိဒ်စ်ယူနိုက်တက်ကလည်း အဝေးကွင်းတွင် ခရစ္စတယ်ပဲလေ့စ်နင့် ဂိုးမရှိသရေကျခဲ့ခြင်းဖြစ်သည်။
လိဒ်စ်ယူနိုက်တက်အသင်းမှာ ဂါဘရီရယ် ဂူမန်ဆင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသည့်အတွက် ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။
မတ် ၁၄ ရက် ပွဲစဉ်များတွင် အာဆင်နယ်က အဲဗာတန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန်ချက်စတာစီးတီးကမူ အဝေးကွင်း၌ ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည့်အတွက် နည်းပြ မစ်ကယ် အာတေတာ၏ အသင်းမှာ ချန်ပီယံပြေးလမ်းတွင် ပိုမိုပြတ်ပြတ်သားသား ဦးဆောင်လျက်ရှိသည်။
ပွဲချိန် ၈၉ မိနစ်တွင် ဗစ်တာ ယော်ကယ်ရက်စ်က အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့သလို ပွဲချိန် ၉၇ မိနစ်တွင် မက်စ် ဒေါင်းမန်းက ဒုတိယဂိုးသွင်းယူခဲ့ကာ ဒေါင်းမန်းအနေဖြင့် အသက် ၁၆ နှစ်နှင့် ၇၃ ရက်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်တွင် ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မန်စီးတီးနှင့် ဝက်စ်ဟမ်းအသင်း၏ ပွဲစဉ်၌ ဘာနာဒို ဆေးလ်ဗားက သေသပ်လှပသည့် ကန်ချက်ဖြင့် အဝေးကွင်း၌ ဝက်စ်ဟမ်းအသင်းဘက်ကို ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ကွန်စတန်တီနော့စ် မာဗရိုပါနော့စ်က အပြင်းခေါင်းတိုက်ချက်ဖြင့် အလျင်အမြန် ချေပဂိုးသွင်းယူခဲ့သဖြင့် တစ်ဂိုးစီသရေကျခဲ့သည်။ အဆိုပါ ပွဲစဉ်၌ ဝက်စ်ဟမ်းအသင်းက ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်သာရှိခဲ့သော်လည်း မန်စီးတီးအသင်းကမူ အရေးပါသည့် နိုင်ပွဲတစ်ပွဲရယူနိုင်မည့် အခွင့်အရေးများကို ဖြုန်းတီးခဲ့သည့်အတွက် အာဆင်နယ်နှင့် ၉ မှတ် ကွာဟသွားပြီဖြစ်သည်။
နယူးကာဆယ်က ချဲလ်ဆီးကို အန်သနီ ဂေါ်ဒန်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ထိုပွဲစဉ်၌ ချဲလ်ဆီးအသင်းမှာ အဆုံးသတ်ပိုင်း အားနည်းခဲ့ကာ အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ခြင်းကြောင့် ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က လီဗာပူးလ်အသင်းနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပွဲစဉ်၌ လီဗာပူးလ်အသင်းမှ ဒေါမနစ် ဆိုဘော့ဇ်လိုင် အဖွင့်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က လီဗာပူးလ်အသင်းနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပွဲစဉ်အပြီးတွင် တော့တင်ဟမ်အသင်းမှ ရစ်ချာလီဆန် ဒီအန်ဒရာဒီ (ယာ-ရှေ့) နှင့် လီဗာပူးလ်အသင်းမှ မိုဟာမက် ဆာလာတို့ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

………………..
(English Version)
Manchester United strengthens position in third place as Tottenham takes Anfield point
LONDON, March 15 (Xinhua) — Manchester United strengthened its grip on a top-four finish on Sunday with a 3-1 win at home to Aston Villa.
The win leaves Michael Carrick’s side third in the table, ahead of Aston Villa, which has now lost its last three Premier League games.
Casemiro opened the scoring in Old Trafford with a powerful 53rd minute header following Bruno Fernandes’ cross, although Ross Barkley drilled home a left-foot shot to make it 1-1 after an assist from Lucas Digne after 65 minutes.
Matheus Cunha took advantage of another Fernandes assist seven minutes later to slide the ball home and re-establish Manchester United’s lead and Benjamin Sesko assured the points nine minutes from time.
Richarlison hit a 90th-minute equalizing goal to give Tottenham a 1-1 draw away to Liverpool, which could lift some of the pressure off coach Igor Tudor, who was heading for his fifth defeat since taking over.
Liverpool had taken an 18th-minute free kick thanks to Dominik Szoboszlai’s free kick that Tottenham goalkeeper Guglielmo Vicario might have done better with.
The draw leaves Tottenham a point above the relegation zone after the two other games involving teams battling to avoid relegation both ended in 0-0 draws as Nottingham Forest was held at home to Fulham, while Leeds United took a point away to Crystal Palace.
Leeds played for all of the second half with 10 men after Gabriel Gudmundsson was sent off for two yellow cards.
Saturday’s results look to have tilted the title race definitively Arsenal’s way after Mikel Arteta’s side beat Everton 2-0, while Manchester City could only draw 1-1 away to West Ham.
Viktor Gyokeres put Arsenal ahead in the 89th minute, before Max Dowman made it 2-0 in the 97th minute with a goal that made history as he became the youngest player to ever score in the Premier League, aged just 16 years and 73 days.
Bernardo Silva put Manchester City ahead away to West Ham with a clever chip, but Konstantinos Mavropanos’s powerful header quickly made it 1-1 with West Ham’s only effort on target all game, while Manchester City wasted chances for a vital win and are now nine points behind Arsenal.
Anthony Gordon scored the only goal after 18 minutes as Newcastle United won 1-0 away to Chelsea, which was guilty of wayward finishing and missed chances.
English Caption 1
Tottenham Hotspur’s Richarlison de Andrade celebrates after scoring the equalising goal during the English Premier League match between Liverpool FC and Tottenham Hotspur FC in Liverpool, Britain, on March 15, 2026. (Xinhua)
English Caption 2
Liverpool’s Dominik Szoboszlai celebrates after scoring the opening goal during the English Premier League match between Liverpool FC and Tottenham Hotspur FC in Liverpool, Britain, on March 15, 2026. (Xinhua)
English Caption 3
Tottenham Hotspur’s Richarlison de Andrade (Front, R) greets Liverpool’s Mohamed Salah after the English Premier League match between Liverpool FC and Tottenham Hotspur FC in Liverpool, Britain, on March 15, 2026. (Xinhua)