Connect with us

China

တရုတ်နိုင်ငံ၏ အကြီးဆုံး online shopping လုပ်ငန်းကြီး တစ်ခုဖြစ်သော အလီဘာဘာသည် SCMP သတင်းစာ၏ အစုရှယ်ယာများ ဝယ်ယူမည်

အလီဘာဘာ online shopping website အားတည်ထောင်သူ ဂျက်မား အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး Online Shopping တစ်ခုဖြစ်သည့် အလီဘာဘာအား တည်ထောင်သူ ဂျက်မား သည် South China Morning Post (SCMP) သတင်းစာ မှ အစုရှယ်ယာများ ဝယ်ယူရန် ညှိနှိုင်းလျက် ရှိကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းမှ Major Chinese news သို့ ပြောကြားခဲ့ကြောင်း သိရသည်။

မားသည် လွန်ခဲ့သည့် နှစ်က SCMP အုပ်စု၏ ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ Kuok မိသားစု နှင့် စာချုပ်စာတမ်း ကိစ္စအား ဆွေးနွေးခဲ့ကြပြီး မကြာမီ အချိန်ကာလ အတွင်း စာချုပ် ချုပ်ဆိုနိုင်မည် ဖြစ်ကြောင်း သတင်း အရင်းအမြစ်က ချိုင်ရှင်း (Caixin) မီဒီယာ ကုမ္ပဏီသို့ ပြောကြားခဲ့သော်လည်း မား ဝယ်ယူမည့် ရှယ်ယာ အရေအတွက်နှင့် တန်ဖိုး ပမာဏကိုမူ အသေးစိတ် သိရှိခြင်း မရှိကြောင်း သိရသည်။

SCMP အုပ်စု ကမူ မှတ်ချက် ပေးရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။အဆိုပါ စာချုပ် ချုပ်ဆိုနိုင်ပါက ဗီဒီယို ဝေမျှသည့် ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သည့် Youku Todou မီဒီယာ နှင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက် မီဒီယာ ယီချိုင် (Yicai) တို့ပြီးလျှင် SCMP သည် အလီဘာဘာ က မီဒီယာပိုင်း ဆိုင်ရာတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပြီး ဇွန်လ၌ Youku Todou နှင့် Yicai တို့တွင် တရုတ်ယွမ် ၁.၂ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၁၈၇.၈ သန်း) ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

အလီဘာဘာသည် e-commerce တွင် ရည်မှန်းထားသည်ထက် ကျော်လွန်နိုင်ခဲ့ပြီး နယူးယောက် စတော့ အိတ်ချိန်းတွင် အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံကျော် ဈေးကွက်ကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

၁၉၀၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် South China Morning Post သည် ဟောင်ကောင် တွင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော ရောင်းအားကောင်းသည့် သတင်းစာ ဖြစ်ကြောင်း သိရသည်။ SCMP အုပ်စုသည် မဂ္ဂဇင်း ထုတ်ဝေမှု နှင့် ပုံနှိပ် လုပ်ငန်းကဲ့သို့သော အခြားစီးပွားရေး လုပ်ငန်းများကိုလဲ လုပ်ကိုင်ပြီး ဟောင်ကောင် စတော့အိတ်ချိန်း စာရင်းတွင်ပါဝင်ကာ ၂၀၁၅ ခုနှစ် ပထမ နှစ်ဝက် တွင် အသားတင် အမြတ် ဟောင်ကောင် ဒေါ်လာ ၂၀၈.၇ သန်း ရရှိခဲ့ကြောင်း အစီရင်ခံစာ များအရသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117