China
တရုတ်နိုင်ငံ၏ ပထမဆုံး တန်ချိန် ၇ တန်အဆင့် ကုန်တင် မောင်းသူမဲ့လေယာဉ် (UAV) Changying-8 ပထမဆုံး ပျံသန်းမှု အောင်မြင်
ကျိန့်ကျိုး၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမဆုံး တန်ချိန် ၇ တန်အဆင့် လေယာဉ်တောင်ပံသေတပ်ဆင်ထားသော (fixed-wing) ကုန်တင် မောင်းသူမဲ့လေယာဉ် (UAV) Changying-8 ကို မတ် ၃၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့ ရှန့်ကျဲလေဆိပ်၌ ပထမဆုံး ပျံသန်းမှု အောင်မြင်စွာ ပြီးစီးခဲ့သည်။
Changying-8 ကုန်တင် မောင်းသူမဲ့ လေယာဉ် (UAV) သည် တရုတ်နိုင်ငံ ပြည်တွင်း ပထမဆုံး လက်တွေ့ယာဉ် စမ်းသပ်အတည်ပြုထားသော တန်ချိန် ၇ တန်အဆင့် မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေး ပလက်ဖောင်းဖြစ်ပြီး “ဝေဟင်က အကြီးစားထရပ်ကား” ဟု တင်စားခေါ်ဝေါ်ကြသည်။ ၎င်းသည် တရုတ်နိုင်ငံတွင် တန်ချိန် ၇ တန်အဆင့် ကုန်တင် မောင်းသူမဲ့လေယာဉ် ပလက်ဖောင်း လစ်ဟာမှုကို ဖြည့်ဆည်းပေးခဲ့ပြီး အဆင့်မြင့် စမတ်လေကြောင်း ထောက်ပံ့ပို့ဆောင်ရေးစက်ကိရိယာကဏ္ဍအတွက် အဓိကကျသော ကိုယ်ပိုင်နည်းပညာ ကျော်လွှားတိုးတက်မှုရရှိခဲ့သည့် အမှတ်သင်္ကေတဖြစ်ပေသည်။
အဆိုပါ UAV ကို ခရီးဝေး ထောက်ပံ့ပို့ဆောင်ရေး၊ အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ပို့ဆောင်ပေးခြင်း၊ နယ်စပ် ထောက်ပံ့ရေးပစ္စည်းများ ဖြည့်စွက်ပေးခြင်းနှင့် ရှုပ်ထွေးသော မြေပြင်အခြေအနေများတွင် လုပ်ငန်းဆောင်ရွက်ခြင်း စသည့်ကဏ္ဍများတွင် အသုံးပြုနိုင်သည်။ ယင်းသည် ဝေဟင်နိမ့်လေကြောင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အရေးပေါ် အာမခံစနစ် တည်ဆောက်ရေးအတွက် စက်ကိရိယာဆိုင်ရာ ထောက်ပံ့မှု ပေးခဲ့ပြီး အများဆုံး ပျံသန်းနိုင်သော အကွာအဝေးမှာ ကီလိုမီတာ ၃,၀၀၀ ကျော် ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့ ရှန့်ကျဲလေဆိပ်၌ စမ်းသပ်ပျံသန်းနေသော ကုန်တင် မောင်းသူမဲ့လေယာဉ် (UAV) Changying-8 အား ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)






………………………..
(Chinese Version)
我国首款7吨级运投无人机长鹰-8首飞成功
新华社照片,郑州,2026年3月31日
3月31日上午,我国首款7吨级固定翼运投无人机长鹰-8在郑州上街机场首飞成功。
长鹰-8运投无人机是国内首款通过实机验证的7吨级无人运投平台,被誉为“空中重卡”,填补了我国7吨级货运无人机平台空白,标志着我国在高端智能航空物流装备领域取得关键自主技术跨越。
该款运投无人机可应用于远程物流运输、应急救援投送、边境物资补给、复杂地域作业等场景,为低空经济发展、应急保障体系建设提供装备支撑,最大航程超过3000公里。
图说1:3月30日,在河南郑州上街机场,工作人员在试飞前检查运投无人机长鹰-8发动机线路。新华社记者 郝源 摄
图说2:3月31日,运投无人机长鹰-8在河南郑州上街机场试飞。 新华社记者 郝源 摄
