Connect with us

Latin America

အီကွေဒေါ နိုင်ငံ ရှိ မူးယစ်ဆေး ဖြတ် ပေးသည့် ဆေးရုံ တစ်ခု တွင် မီးလောင်မှု ဖြစ်ပွား လူ ၁၈ ဦး သေဆုံး

အဆောက်အဦ တစ်လုံး မီးလောင်မှု ဖြစ်ပွား ပြီးနောက် မီးသတ် တပ်ဖွဲ့ဝင် များ လုပ်ငန်းဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကွီတို ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အီကွေဒေါ နိုင်ငံ Guayaquil မြို့ ရှိ မူးယစ်ဆေးစွဲနေသူများအား ဆေးဖြတ်ပေးသည့် ဆေးရုံ တစ်ခု ၌ ဇန်နဝါရီ ၁၁ ရက် တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ နောက်တစ်ရက် မွန်းလွဲပိုင်း အချိန်ထိ လူပေါင်း ၁၈ ဦး သေဆုံး ခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ မီးလောင်မှု သည် ဇန်နဝါရီ ၁၁ ရက် မွန်းလွှဲ ၃ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ အချင်းဖြစ်ပွားရာ နေရာ သို့ မီးသတ်တပ်ဖွဲ့ က မီးသတ်ကား နှင့် မီးသတ်သမား များစွာ စေလွှတ် ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် မီးအား ထိန်းချုပ် နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ သေဆုံးသူ အများစု မှာ အသက်ရှုကြပ် ၍ သေဆုံး ခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ ၏ ပြောကြားချက် အရ ဆေးဝါး ကုသမှုခံယူ နေသူ တစ်ဦး က အိပ်ယာခင်း အား မီးရှို့ ခဲ့ခြင်းကြောင့် စတင် လောင်ကျွမ်း ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

အီကွေဒေါ နိုင်ငံ ရှိ မူးယစ်ဆေး ဖြတ် ပေးသော ဆေးရုံ အများစု မှာ ပုဂ္ဂလိက ဆေးရုံ များ ဖြစ်ကြပြီး ၎င်းတို့အနက် အချို့ မှာ လုပ်ငန်း လိုင်စင် မရှိကြောင်း ၊ ယင်း လုပ်ငန်း လိုင်စင် မရှိသည့် ဆေးရုံ များ သည် မီးသတ် လိုအပ်ချက်များ နှင့် ကိုက်ညီမှု မရှိခြင်း နှင့် ဆေးဝါး ကုသသည့် လူနာများ အား နှိပ်စက် ခြင်း မကြာခဏ ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)