Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကွန်ဂိုနိုင်ငံ (DRC) သမ္မတသစ်အား ဖုန်းဖြင့် ဝမ်းမြောက်ကြောင်းပြောကြား

ကွန်ဂို (DRC) နိုင်ငံ သမ္မတ ဖဲလစ် ရှီဆတ်ခဲဒီအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖဲလစ် ရှီဆတ်ခဲဒီ (Felix Tshisekedi) အား ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) သမ္မတသစ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့်အတွက် ဇန်နဝါရီလ ၂၄ ရက်က တယ်လီဖုန်းမှတစ်ဆင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ကွန်ဂို (DRC) နိုင်ငံသည် အာဖရိကတွင် တရုတ်နိုင်ငံနှင့် အစဉ်အလာရှိပြီး ချစ်ကြည်ရင်းနှီးမှုရှိသော နိုင်ငံဖြစ်သလို အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုသွင်ပြင်များနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး တည်ဆောက်ထားခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်-ကွန်ဂို (DRC) ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်မှာ ကြီးမားသော အရေးပါမှုဖြစ်ကြောင်း၊ ရှီဆတ်ကက်ဒီနှင့်အတူ ပူးတွဲကာ ကြိုးပမ်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း၊ လွန်ခဲ့သည့်နှစ်က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေး၏ အောင်မြင်မှုများကို တည်ဆောက်ကာ တရုတ်-ကွန်ဂို (DRC) ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်သွားရန်နှင့် နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117