Connect with us

North America

အအေးလွန်ကဲသဖြင့် နယူးယောက်ပြည်နယ်တွင် အနည်းဆုံးလူ ၃ ဦးသေဆုံး

အမေရိကန်နိုင်ငံချီကာဂိုပြည်နယ်တွင် အအေးလွန်ကဲမှုကြောင့် တံတားနှင့် လမ်းများရေခဲဖုံးလွှမ်းနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်တွင် အအေးလွန်ကဲမှု (porlar vortex) ကြောင့် ရာသီဥတုဆိုးဝါကာဆီးနှင်းများကျဆင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကာယင်းပြည်နယ်ရှိအနည်းဆုံးလူ ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

Buffalo မြို့တွင် အမျိုးသား နှစ်ဦးမှာဆီးနှင်းများအားရှင်းလင်းနေစဉ် သေဆုံးခဲ့ကြောင်း၊ Livingston နယ်မြေရှိအမျိုးသားတစ်ဦးမှာ ၎င်း၏ ကားနှင့် နှင်းခဲပုံတိုက်မိသဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။အိမ်ခြေမဲ့ အမျိုးသားတစ်ဦးအားဇန်နဝါရီလ ၃၁ ရက်က Buffalo မြို့ရှိ Bus Shelter တစ်ခုအတွင်းအေးခဲကာသေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်းဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။ သို့သော်လည်းအဆိုပါ အမျိုးသားသေဆုံးမှုမှာရာသီဥတုကြောင့် ဖြစ်သည်ဆိုခြင်းကိုမူအလောင်းအားခွဲစိတ်စစ်ဆေးပြီးအတည်ပြုရန် လိုအပ်ဦးမည် ဖြစ်သည်။အမေရိကန်နိုင်ငံတွင် ဇန်နဝါရီလ၂၉ ရက်ကစတင်၍ Midwest ဒေသနှင့် New England ဒေသများတွင် အအေးလွန်ကဲမှုခံစားခဲ့ပြီးလူဦးရေသန်း ၅၀ အပေါ်သက်ရောက်မှုရှိခဲ့သည်။ ထို့ပြင် ရာသီဥတုအခြေအနေကြောင့် စာသင်ကျောင်းများနှင့် အစိုးရဌာနများပိတ်ထားခဲ့ရကြောင်းသိရသည်။ (Xinhua)