China
ကမ္ဘာ့စားပွဲတင်တင်းနစ် အသင်းလိုက်ပြိုင်ပွဲတွင် တရုတ်အသင်းက ဝမ်၏ ဦးဆောင်မှုနှင့်အတူ ရိုမေးနီးယားအသင်းကို အနိုင်ရရှိ
လန်ဒန်၊ မေ ၇ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မေ ၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲတွင် ဝမ်ချူချင်းက နိုင်ပွဲနှစ်ပွဲ ရယူပေးခဲ့သည့်အတွက် တရုတ်အသင်းက ရိုမေးနီးယားအသင်းကို ၃-၁ ပွဲဖြင့် အနိုင်ယူကာ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
လျန်ကျင့်ခွန်းက ရိုမေးနီးယားအသင်းဘက်တွင် အဆင့်သတ်မှတ်ချက်အမြင့်ဆုံးဖြစ်သည့် အက်ဒွက် အီယွန်နက်စကူးကို ၁၁-၅၊ ၁၁-၇၊ ၁၁-၆ ကို အရေးနိမ့်ခဲ့သည့်အတွက် တရုတ်အသင်းမှာ အစောပိုင်းတွင် နောက်ကောက်ကျနေခဲ့သည်။
“ပွဲအစပိုင်းမှာ အထိုက်အလျောက် အကြိတ်အနယ်ရှိခဲ့ပေမဲ့ သူက လက်စွမ်းပိုကောင်းခဲ့တယ်။ သူက သိပ်ကောင်းတဲ့ ရိုက်ချက်တချို့ကို ရိုက်နိုင်ခဲ့လို့ ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာအရ ဖိအားပေးနိုင်ခဲ့ပြီး အဲဒီနောက်မှာ သူ့ကို အမီမလိုက်နိုင်တော့ဘူး” ဟု လျန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“ကျွန်တော်က နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းမှာ အားသာချက်အများကြီးမရှိတော့ ပြိုင်ဘက်တိုင်းကို အစွမ်းကုန်ကြိုးစားပြီး ယှဉ်ပြိုင်ဖို့လိုတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
သို့သော် ကမ္ဘာ့အဆင့်တစ်ကစားသမား ဝမ်ချူချင်းက အူလီယန် ချီရီတာကို သုံးပွဲပြတ်အနိုင်ရရှိခဲ့ရာ နှစ်သင်းကြား နိုင်ပွဲတစ်ပွဲစီ တူညီသွားခဲ့သည်။ ဝမ်က ပထမပွဲတွင် ၁၁-၅ မှတ်ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲတွင် ၅-၁ မှတ်ဖြင့် ရှုံးနိမ့်နေရာမှ အကြိတ်အနယ်ကစားကာ ၈ မှတ်စီဖြစ်သွားပြီးနောက် ၁၂-၁၀ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ နောက်ဆုံးပွဲတွင်လည်း ဝမ်က ၁၁-၅ မှတ်ဖြင့် အနိုင်ရခဲ့သည်။
“ကျွန်တော် ဒီပွဲအတွက် အပြည့်အဝပြင်ဆင်ခဲ့တယ်။ ဒုတိယပွဲမှာ နောက်ကောက်ကျနေခဲ့ပေမဲ့ အရှုံးကနေ အနိုင်ပြန်ရအောင် လုပ်နိုင်ခဲ့လို့ တတိယပွဲမှာ ယုံကြည်မှုတွေ ပိုအားကောင်းသွားတယ်” ဟု ဝမ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
တတိယပွဲစဉ်အဖြစ် လျင်ရှီးတုန်းနှင့် အိုဗီဒယျူ အီယွန်နက်စကူးတို့ ယှဉ်ပြိုင်ခဲ့ရာ လျင်ရှီးတုန်းက ၁၁-၉၊ ၁၁-၆၊ ၁၁-၄ ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် တရုတ်အသင်းက ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဝမ်က အက်ဒွက် အီယွန်နက်စကူးနှင့် ယှဉ်ပြိုင်ရာတွင်လည်း ထပ်မံအနိုင်ရရှိခဲ့သည်။ ဝမ်က အဖွင့်ပွဲတွင် ၈-၂ မှတ်ဖြင့် ဦးဆောင်ထားရာမှ အီယွန်နက်စကူးက တစ်မှတ်အကွာအထိ ပြန်လိုက်နိုင်ခဲ့သော်လည်း ဝမ်က ၁၁-၈ မှတ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဒုတိယပွဲတွင် အီယွန်နက်စကူးက ၁၁-၈ မှတ်ဖြင့် အနိုင်ရခဲ့သော်လည်း ဝမ်က နောက်ထပ်နှစ်ပွဲတွင် ၁၁-၃၊ ၁၁-၄ ဖြင့် အနိုင်ရရှိခဲ့သည်။
“အက်ဒွက်က သိပ်ကိုသန်မာတဲ့ ကစားသမားဖြစ်လို့ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာမယ်ဆိုတာကို ကျွန်တော် မျှော်လင့်ပြီးသားပါ။ တတိယပွဲမှာ လျင်က အနိုင်ရခဲ့လို့ ကွင်းထဲမှာ ကျွန်တော် အများကြီး စိတ်သက်သာရာရသွားတာပေါ့” ဟု ဝမ်က ဆိုသည်။
တရုတ်အသင်းအနေဖြင့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် တောင်ကိုရီးယား သို့မဟုတ် ဩစတြီးယားအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်၌ တရုတ်အသင်းက ဆွီဒင်အသင်းကို တစ်ပွဲမှရှုံးနိမ့်ခြင်းမရှိဘဲ ၃ ပွဲပြတ် အနိုင်ရရှိခဲ့သည်။ အဖွင့်ပွဲစဉ်တွင် စွန်းရင်ဆားက ဆွီဒင်စားပွဲတင်တင်းနစ်မယ် လင်ဒါ ဘာ့ဂ်စထရွမ်းကို ၁၁-၃၊ ၁၁-၄၊ ၁၁-၄ ဖြင့် သက်သောင့်သက်သာ အနိုင်ရခဲ့သည်။
ဝမ်မန့်ယွိကလည်း ခရစ္စတီနာ ကာလ်ဘာ့ဂ်ကို ၁၁-၅၊ ၁၁-၀၊ ၁၁-၃ ဖြင့် အပြတ်အသတ် အနိုင်ယူခဲ့ပြီး ရမှတ် ၈ မှတ်သာ ပေးခဲ့ရကာ တရုတ်အသင်းအတွက် ဒုတိယမြောက်နိုင်ပွဲကို သက်သောင့်သက်သာ ရယူနိုင်ခဲ့သည်။
ဝမ်ရိသီကလည်း ဆွီဒင်နိုင်ငံမှ ဖိလစ်ပါ ဘာဂန်းနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် ၁၁-၇၊ ၁၁-၄၊ ၁၁-၄ ဖြင့် အနိုင်ယူကာ အပြတ်အသတ်အနိုင်ရခဲ့သည်။
တရုတ်အမျိုးသမီးအသင်းမှာ စင်ကာပူအသင်းကို ၃-၁ ပွဲဖြင့် အနိုင်ရခဲ့သည့် တောင်ကိုရီးယားအသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၆ ရက်က တရုတ်အသင်းနှင့် ရိုမေးနီးယားအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ ၁၆ သင်းအဆင့် တစ်ဦးချင်းပွဲစဉ်အဖြစ် ရိုမေးနီးယားအသင်းမှ အိုဗီဒယျူ အီယွန်နက်စကူးနှင့် ယှဉ်ပြိုင်စဉ် တရုတ်အသင်းမှ လျင်ရှီးတုန်း အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် မေ ၆ ရက်က တရုတ်အသင်းနှင့် ဆွီဒင်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ် အသင်းလိုက်ပြိုင်ပွဲ ၁၆ သင်းအဆင့် အမျိုးသမီးတစ်ဦးချင်းပွဲစဉ်အဖြစ် ဆွီဒင်အသင်းမှ ခရစ္စတီနာ ကာလ်ဘာ့ဂ်နှင့် ယှဉ်ပြိုင်စဉ် တရုတ်အသင်းမှ ဝမ်မန့်ယွိ ပြိုင်ဘက်စပေးဘောကို ပြန်ရိုက်နေစဉ် (ဆင်ဟွာ)

……………….
(English Version)
Wang leads China’s comeback win over Romania at table tennis team worlds
LONDON, May 6 (Xinhua) — Wang Chuqin claimed two wins as China rallied to beat Romania 3-1 on Wednesday and reached the men’s team quarterfinals at the 2026 ITTF World Team Table Tennis Championships Finals.
China fell behind early when Liang Jingkun lost 11-5, 11-7, 11-6 to Eduard Ionescu, the highest-ranked player in Romania’s lineup.
“I was a bit tight at the start, and he performed better. After he had some excellent shots, my mentality was impacted and I failed to catch up with him afterwards,” Liang said.
“As I don’t have much advantage technically and tactically, I need to go all out against every opponent,” he added.
Wang, the world No. 1, restored parity by beating Iulian Chirita in straight games. He took the first 11-5, then recovered from a 5-1 deficit in the second to level at 8-8 before edging it 12-10. He closed out the match 11-5.
“I prepared fully for this match. After trailing in the second game, I managed to turn the tables, which boosted my confidence in the third,” Wang said.
Lin Shidong put China ahead with an 11-9, 11-6, 11-4 win over Ovidiu Ionescu in the third match.
Wang then sealed the tie against Eduard Ionescu. He led 8-2 in the opening game before the Romanian closed to within one point, but Wang held on for an 11-8 win. Ionescu took the second 11-8, but Wang responded to win the next two games 11-3, 11-4.
“Eduard is a strong player, and I expected it to be a tough match. Due to Lin’s win in the third match, I felt more relieved on the court,” Wang said.
China will face either South Korea or Austria in the quarterfinals.
In the women’s team round of 16, China dominated Sweden 3-0 without losing a game.
Sun Yingsha eased past Swedish chopper Linda Bergstrom 11-3, 11-4, 11-4 in the opening match.
Wang Manyu doubled the lead with a more comfortable win, only conceding eight points in overwhelming Christina Kallberg 11-5, 11-0, 11-3.
In their first head-to-head, Wang Yidi outplayed Sweden’s Filippa Bergand 11-7, 11-4, 11-4 to secure the win.
Awaiting them in the quarterfinals will be South Korea, who beat Singapore 3-1.
English Caption 1
Wang Chuqin of China serves in the singles match against Iulian Chirita of Romania during the men’s teams round of 16 match between China and Romania at the ITTF World Team Table Tennis Championships Finals in London, Britain, May 6, 2026. (Photo by Stephen Chung/Xinhua)
English Caption 2
Lin Shidong of China celebrates in the singles match against Ovidiu Ionescu of Romania during the men’s teams round of 16 match between China and Romania at the ITTF World Team Table Tennis Championships Finals in London, Britain, May 6, 2026. (Photo by Stephen Chung/Xinhua)
English Caption 3
Wang Manyu of China hits a return in the singles match against Christina Kallberg of Sweden during the women’s teams round of 16 match between China and Sweden at the ITTF World Team Table Tennis Championships Finals in London, Britain, May 6, 2026. (Photo by Stephen Chung/Xinhua)
