China
ကျောက်လဲ့ကျိနှင့် အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် Steve Daines ဦးဆောင်သော အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား မေ ၇ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကျောက်လဲ့ကျိက တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ် တိုးတက်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွား၊ နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သည့်မျှော်လင့်ချက်နှင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်။
ယမန်နှစ်မှစ၍ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ဖော်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ ဖော်ဆောင်ရန်၊ တွေ့ဆုံဆွေးနွေးမှုများကို အားဖြည့်ရန်၊ ကွဲလွဲမှုများကို ကောင်းမွန်သင့်လျော်စွာ စီမံထိန်းချုပ်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရန် ဆန္ဒရှိကြောင်း၊ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွား၏ အချက်အချာဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးဆုံးကိစ္စရပ်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာစောင့်ထိန်းကာ ထိုင်ဝမ်အရေးကို သတိထားဆက်ဆံ၊ စီမံရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အနေဖြင့် အမေရိကန်နိုင်ငံ လွှတ်တော်နှင့်အတူ သွားလာဆက်ဆံမှုများကို အားဖြည့်သွားရန်၊ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်ခရီးစဉ်သွားရောက်မှုများကို ပိုမိုဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ကျောက်လဲ့ကျိက ပြောကြားခဲ့သည်။ အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်များ၏ ယခုအကြိမ် ခရီးစဉ်သည် တရုတ်-အမေရိကန် ထိတွေ့ဆက်ဆံမှုနှင့် နှစ်နိုင်ငံ ဥပဒေပြုအဖွဲ့အစည်းများ၏ တွေ့ဆုံဆွေးနွေးဖလှယ်မှုကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အမေရိကန်နိုင်ငံအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ရန် မျှော်လင့်သလို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ ခရီးစဉ် ပိုမိုလာရောက်ကြရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် Steve Daines ဦးဆောင်သော အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၆ ခုနှစ် မေ ၇ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
赵乐际会见美国国会参议员代表团
新华社北京5月7日电(记者孙奕)全国人大常委会委员长赵乐际7日在北京会见美国国会参议员代表团戴安斯一行。
赵乐际表示,中美关系稳定、健康、可持续发展,符合两国人民共同利益和国际社会普遍期待。去年以来,在两国元首战略引领下,中美关系实现总体稳定。中方愿同美方落实好两国元首重要共识,加强对话沟通,妥善管控分歧,拓展务实合作。台湾问题是中国核心利益中的核心,是中美关系中最重要的问题,希望美方恪守一个中国原则,慎重对待和处理台湾问题。
赵乐际表示,中国全国人大愿同美国国会加强交往,实现更多交流和互访。各位参议员此访有助于促进中美接触交往和两国立法机构对话交流。希望美方客观理性看待中国和中国的发展,欢迎更多美国议员来中国参访。(完)
1. 5月7日,全国人大常委会委员长赵乐际在北京会见美国国会参议员代表团戴安斯一行。 新华社记者 李涛 摄
